Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်မှအင်အားဖြည့်တင်းနေ၍ ပြည်သူများဘေးလွတ်ရာရှောင်ရှားရန် ကနီPDF တိုက်တွန်း

(လက်နက်များသယ်ဆောင်လာသော ရေယာဥ်တစ်စီးအား စက်တင်ဘာလ ဒုတိယပတ်အတွင်းက ချင်းတွင်းမြစ်အတွင်း တွေ့ရစဥ်။)ဓာတ်ပုံ - CJ

ကနီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းနေသဖြင့် ပြည်သူများ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားထားကြရန် ကနီPDFက ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် မေတ္တာရပ်ခံသတိပေးထုတ်ပြန်သည်။

ကနီမြို့နယ်တွင် စစ်ကောင်စီဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းလျက်ရှိပြီး ကြည်း၊ ရေ၊ လေ အင်အား ထပ်မံဖြည့်တင်းလျက်ရှိကြောင်း၊ ထို့အပြင် မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်နိုင်ခြေရှိသည့်အတွက် အဆက်အသွယ်ကွန်ရက်များကို ကြိုတင်ပြင်ဆောင်လုပ်ဆောင်ထားကြရန်နှင့် မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာ စိတ်ချလုံခြုံရသောနေရာများတွင် ရှောင်ရှားပေးကြပါရန် ကနီ PDFကမေတ္တာရပ်ခံထားသည်။

ထို့အပြင် မိုးတွင်းကာလဖြစ်သည့်အတွက်ကြောင့် အမိုးအကာ နွေးထွေးစေနိုင်သော အဝတ်အစားများ၊ ကုန်ခြောက်နှင့် ဆေးဝါးများကို ကိုယ်နှင့်တစ်ပါတည်း ယူဆောင်သွားကြရန် အထူးသတိပေးထားသည်။

စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းသံချပ်ကာကားများတင်ဆောင်ထားသော ရေယာဥ်အချို့သည် ကနီအနီးတွင်ရှိနေဆဲဖြစ်ကြောင်း၊ အထက်ချင်းတွင်းဒေသသို့ ဆန်တက်ဖို့ရှိနေပြီး ထိုရေယာဉ်များ မဆန်မခြင်း ထိုးစစ်ဆင်နေဦးမည် ခန့်မှန်းရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်းကနီဒေသတွင်ဖြစ်ပွားသောတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရေကြောင်း ၊ကြည်းကြောင်းသာမက လေကြောင်းမှပါ ရဟတ်ယာဥ်များ အသုံးပြု တိုက်ခိုက်နေကြောင်းသိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ