Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် ပျူများသယ် လာသည့်ယာဥ်နှင့် စစ်ကောင်စီကင်းပုန်းအား PDF များ တိုက်ခိုက်

ယမန်နေ့( မတ်လ ၁၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမှ ကျောက်မြောင်းမြို့သို့ ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးအား ကားလှန်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

(စစ်ကောင်စီကင်းပုန်းနှင့် ယာဥ်အားတိုက်ခိုက်ရန် မဟာမိတ်အဖွဲ့များ သွားရောက်နေစဥ်)
(စစ်ကောင်စီကင်းပုန်းနှင့် ယာဥ်အားတိုက်ခိုက်ရန် မဟာမိတ်အဖွဲ့များ သွားရောက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းတွင် ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးနှင့် စစ်ကောင်စီတပ် ကင်းပုန်းအား လက်နက်ကြီးများ၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

ယမန်နေ့( မတ်လ ၁၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမှ ကျောက်မြောင်းမြို့သို့ ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးအား ကားလှန်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား X Force – LPDF – Shweboနှင့် မဟာမိတ်အဖွဲ့များဖြစ်သော Burma Rangers၊ God hand၊ Who am I၊ Ghost rider special task force အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

(၁၂)ဘီးယာဥ်နှစ်စီးအား ကင်းပုန်းဝပ်လုံခြုံရေးယူပေးထားသော ရွှေဘို ခမရ(၁၁)တပ်ရင်းမှ အင်အား ၄၀ ကျော်အား ကင်းပုန်းယူပြီးအပြန်တွင် X Force – LPDF – Shwebo၊ Burma Rangers၊ ရွှေတောသား localပျောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဝက်လက်တပ်ရင်း(၁၅)နှင့် ရွှေဘိုဓူဝံအဖွဲ့များက ညနေ ၃နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦး လဲကျသွားပြီး ၎င်းတို့ဘက်က RPG တစ်လုံး၊ (၆၀)မမ သုံးလုံးတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု X Force – LPDF – Shweboက ဆိုသည်။

” ကားလှန်မိုင်းဆိုတာက ကားလမ်းအလယ်မှာ တူးမြှုပ်ပြီးထောင်တာပါ။ သူကတွင်းတူးပြီး မြှုပ်ရင် ကွဲတဲ့အခါ အပေါ်ဘက်ကို ပွင့်ထွက်တဲ့မိုင်းပါ။ ဒီအတိုင်း ကျင်းမတူးဘဲ ခွဲရင်တော့ ပတ်လည်ကွဲပါတယ်။ ပျူကတော့ မန္တလေးဘက်ကို အင်အားသွားဖြည့်မယ်လို့ သိရတယ်။ အင်အားကတော့ တစ်ရာကျော်လောက်ရှိမယ်။”ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

ယမန်နေ့(မတ်လ ၁၈ရက်) နံနက်ပိုင်းကပင် ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုထောက်ပို့တပ်မှ ထွက်လာသော စစ်ကောင်စီ၏ (၆)ဘီးယာဥ် နှစ်စီးကို လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ၂၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး ကင်းပုန်းဝပ် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF – ARMY က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။