Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် ပျူများသယ် လာသည့်ယာဥ်နှင့် စစ်ကောင်စီကင်းပုန်းအား PDF များ တိုက်ခိုက်

ယမန်နေ့( မတ်လ ၁၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမှ ကျောက်မြောင်းမြို့သို့ ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးအား ကားလှန်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

(စစ်ကောင်စီကင်းပုန်းနှင့် ယာဥ်အားတိုက်ခိုက်ရန် မဟာမိတ်အဖွဲ့များ သွားရောက်နေစဥ်)
(စစ်ကောင်စီကင်းပုန်းနှင့် ယာဥ်အားတိုက်ခိုက်ရန် မဟာမိတ်အဖွဲ့များ သွားရောက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းတွင် ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးနှင့် စစ်ကောင်စီတပ် ကင်းပုန်းအား လက်နက်ကြီးများ၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

ယမန်နေ့( မတ်လ ၁၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမှ ကျောက်မြောင်းမြို့သို့ ပျူစောထီးများလိုက်ပါလာသော (၁၂)ဘီးယာဥ်နှစ်စီးအား ကားလှန်မိုင်း လေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား X Force – LPDF – Shweboနှင့် မဟာမိတ်အဖွဲ့များဖြစ်သော Burma Rangers၊ God hand၊ Who am I၊ Ghost rider special task force အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

(၁၂)ဘီးယာဥ်နှစ်စီးအား ကင်းပုန်းဝပ်လုံခြုံရေးယူပေးထားသော ရွှေဘို ခမရ(၁၁)တပ်ရင်းမှ အင်အား ၄၀ ကျော်အား ကင်းပုန်းယူပြီးအပြန်တွင် X Force – LPDF – Shwebo၊ Burma Rangers၊ ရွှေတောသား localပျောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဝက်လက်တပ်ရင်း(၁၅)နှင့် ရွှေဘိုဓူဝံအဖွဲ့များက ညနေ ၃နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း X Force – LPDF – Shwebo တာဝန်ခံရဲမာန်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦး လဲကျသွားပြီး ၎င်းတို့ဘက်က RPG တစ်လုံး၊ (၆၀)မမ သုံးလုံးတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု X Force – LPDF – Shweboက ဆိုသည်။

” ကားလှန်မိုင်းဆိုတာက ကားလမ်းအလယ်မှာ တူးမြှုပ်ပြီးထောင်တာပါ။ သူကတွင်းတူးပြီး မြှုပ်ရင် ကွဲတဲ့အခါ အပေါ်ဘက်ကို ပွင့်ထွက်တဲ့မိုင်းပါ။ ဒီအတိုင်း ကျင်းမတူးဘဲ ခွဲရင်တော့ ပတ်လည်ကွဲပါတယ်။ ပျူကတော့ မန္တလေးဘက်ကို အင်အားသွားဖြည့်မယ်လို့ သိရတယ်။ အင်အားကတော့ တစ်ရာကျော်လောက်ရှိမယ်။”ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

ယမန်နေ့(မတ်လ ၁၈ရက်) နံနက်ပိုင်းကပင် ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုထောက်ပို့တပ်မှ ထွက်လာသော စစ်ကောင်စီ၏ (၆)ဘီးယာဥ် နှစ်စီးကို လမ်းပိုင်းတစ်နေရာတွင် ပဒေသာမိုင်း ၂၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး ကင်းပုန်းဝပ် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF – ARMY က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။