Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကလောင်းလုံမှကျေးရွာနှစ်ရွာကိုမီးရှို့၍ အိမ် ၁၅၀ ပြာကျ

ညောပင်ရွာကို နေ့လယ် ၁၂ နာရီခန့်နှင့် အောက်ကျောက်ဝပ်ကျေးရွာကို နေ့လယ် ၁နာရီခန့်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။စစ်တပ်က စစ်​ကြောင်းထိုးအကြမ်းဖက်ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာမှ ဒေသခံ ၁၅၀၀ခန့်က ထွက်ပြေးတိမ်းရှောင်နေရသည်။

(စစ်အုပ်စုက ​လောင်းလုံမြို့နယ်မှ ​ကျေးရွာနှစ်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်အုပ်စုက ​လောင်းလုံမြို့နယ်မှ ​ကျေးရွာနှစ်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် ကျေးရွာနှစ်ရွာကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာဖြစ်သည့် ညောပြင်ကျေးရွာနှင့် အောက်ကျောက်ဝပ်ကျေးရွာတို့မှ အနည်းဆုံးအိမ်ခြေ ၁၅၀ခန့်ကို စစ်ကောင်စီတပ်က မတ်လ ၂၁ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတချို့ကို အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပြင် အောက်ကျောက်ဝပ်ကျေးရွာမှ အသက်၂၀အရွယ် လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီက မတ်လ ၂၁ ရက်နေ့လယ် ၁၂ နာရီခန့်ကပစ်သတ်ခဲ့သည်ဟုလည်းသိရသည်။

“နေ့လယ်လောက်မှာ ရွာထဲဝင်လာပြီး အိမ်တွေကို မီးရှို့ပြီး သေနတ်နဲ့ပစ်သတ်သွားတာ ရုတ်တရတ်ကြီးဆိုတော့ လူတွေက ဒီတိုင်းထွက်ပြေးသွားရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီမီးရှို့ခဲ့ရာတွင်အိမ်ခြေ ၃၀၀ ရှိ​သော ညောပြင်ကျေးရွာက နေအိမ် ၁၀၀နှင့် အိမ်​ခြေ ၂၀၀ ခန့်ရှိ​သောအောက်ကျောက်ဝပ်ကျေးရွာမှ အိမ်ခြေ ၅၀ခန့်ကို မီး​လောင်ပျက်စီးခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement
Public Service Announcement

ညောပင်ရွာကို နေ့လယ် ၁၂ နာရီခန့်နှင့် အောက်ကျောက်ဝပ်ကျေးရွာကို နေ့လယ် ၁နာရီခန့်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။စစ်တပ်က စစ်​ကြောင်းထိုးအကြမ်းဖက်ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာမှ ဒေသခံ ၁၅၀၀ခန့်က ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ​ကျေးရွာနှစ်ရွာအပြင် အနီးအနားရှိကျေးရွာ ၅ ရွာမှဒေသခံများကလည်းထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက​ပြောသည်။

“စစ်ကောင်စီတပ်ကတနင်္သာရီတိုင်းကပြည်သူတွေကို အညာမှာလို မီးရှို့ဖျက်ဆီးမှုလုပ်နေကြတယ်”ဟု ထားဝယ်မြို့နယ်မှ ​ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

နိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ အဖွဲ့များက မီးရှို့မှုကြောင့် တနင်္သာရီတိုင်းတွင် နေအိမ် ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအပြင်စစ်တပ်က တစ်နိုင်ငံလုံးတွင်၂၀၂၃ ​ဖေ​ဖော်ဝါရီ လကုန်အထိအိမ်​ခြေ ​၆၀၀၀၀ ​ကျော်မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ