Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံမြို့နယ်တွင် (၁၈)နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ပြည်သူငါးဦးကိုစစ်တပ်ကဖမ်းဆီးသတ်ဖြတ်

မတ်လ ၂ ရက်နေ့က ဆက်ကြေးတောင်းပြီးပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦး ပေါင်းလေးဦးကို ကျောက်မပ်တပ်ကျေးရွာနှင့် မြင်းခွာအော်ရွာကြားတွင် LLPDF တပ်ဖွဲ့ဝင်များက လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသည့်အပြင် တပ်ကူလာသူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(အသတ်ခံရသူပြည်သူ ၅ ဦး၏ အချက်အလက်အကျဥ်းနှင့်မှတ်တမ်းဓါတ်ပုံများ ။ ဂရပ်-NUG-MOHR)
(အသတ်ခံရသူပြည်သူ ၅ ဦး၏ အချက်အလက်အကျဥ်းနှင့်မှတ်တမ်းဓါတ်ပုံများ ။ ဂရပ်-NUG-MOHR)

▪︎စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟုNUGဆို

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ်ကျေးရွာမှ (၁၈)နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ပြည်သူငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း NUG အစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနကယနေ့ (မတ် ၇ ရက်)တွင် အသိပေးထုတ် ပြန်သည်။

စစ်​ကောင်စီတပ်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအင်အား(၅၀)ခန့်သည် မတ် ၄ ရက်တွင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာသို့ လှေဖြင့် ရောက်ရှိလာပြီး ထိုမှတဆင့် ကား(၃)စီးဖြင့် ညောပြင်ကျေးရွာကို ဖြတ်ကာ အောက်ကျောက်ဝပ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် ကျေးရွာလမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ နေအိမ် (၅)လုံး၊ ကား(၁)စီး နှင့် သုံးဘီး(၁)စီး စသည့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်စီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လောင်းလုံမြို့နယ် အောက်ကျောက်ဝပ်ရွာ မြောက်ကျောင်း (ဘုန်းကြီး ကျောင်း)၌ ပုန်းရှောင်နေသည့် (၁၈) နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ရွာသား(၆)ဦးကို ဖမ်းဆီးပြီး (၅)ဦးအား ကျေးရွာဘောလုံးကွင်း အနီး တစ်နေရာတည်းတွင် သတ်ဖြတ်ထားခဲ့ကာ တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူများတွင် မောင်လှအောင် (၁၈)နှစ်၊ ကိုတင်ဌေး (၃၀)နှစ်၊ ကိုကရင် (၃၀)နှစ်၊ ကိုသံရိုး (၃၀)နှစ်၊ ကိုသန်းဝင်း (၃၁)နှစ်တို့ဖြစ်ပြီး ဦးနော်အေး (၄၁)နှစ်မှာ ပြန်ထန်ဒဏ်ရာရရှိကာ စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း ဖော်ပြသည်။

“ပြည်သူတွေ အကြောက်တရားလာသွင်းတာလို့ ထင်တယ် ခင်ဗျာ။ မနေ့(မတ် ၂) က အဲရွာအနား တိုက်ပွဲဖြစ်တော့ ခွေးတွေ ၃ ကောင်သေပြီး များပြားထိခိုက်ပြီး ကား၊ ဆိုင်ကယ်၊ သေနတ် ပိုက်ဆံပါ သိမ်းခံရတော့အကြောက်တရားစိုးမိုးအောင် လာလုပ်တာလို့ထင်တယ် ခင်ဗျ”ဟု အောက်ကျောက်ဝပ်ဖြစ်စဥ်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF မှ တာ ဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

မတ်လ ၂ ရက်နေ့က ဆက်ကြေးတောင်းပြီးပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦး ပေါင်းလေးဦးကို ကျောက်မပ်တပ်ကျေးရွာနှင့် မြင်းခွာအော်ရွာကြားတွင် LLPDF တပ်ဖွဲ့ဝင်များက လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသည့်အပြင် တပ်ကူလာသူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ကျောက်နီမှော်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အောက်ကျောက်ဝပ်ကျေးရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ် ၃ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူငါးဦးအားသတ်ဖြတ်သည့်အပြင် ပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေး တည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေး အရေးယူ နိုင်ရေး အစွမ်း ကုန်တာဝန်ယူဆောင်ရွက်သွားပါမည်”ဟု အထက်ပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး ဝန်ကြီးဌာနထုတ်ပြန်ချက်က ဆို သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း မတ် ၂ ရက် စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာဖြစ်စဥ်အပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ရေ (၃၀)ကျော် ကျူးလွန်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။