Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် ပေါက်မြို့ရှိ စစ်ဆေးရေးဂိတ်နှင့် စစ်အုပ်စုအား ဒေသကာကွယ်ရေးများ တိုက်ခိုက်

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။

(မြိုင်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား RPG ဖြင့် ပတ်ခတ်တိုက်ခိုက်ရန် ချိန်ရွယ်နေစဥ်)
(မြိုင်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား RPG ဖြင့် ပတ်ခတ်တိုက်ခိုက်ရန် ချိန်ရွယ်နေစဥ်)

▪️စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ ရေစကြိုနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၊ ပျူစခန်းနှင့် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီ ၁၅မိနစ်ခန့်က ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းတွင် တပ်စွဲပြီး စစ်ဆေးရေးဂိတ်ပြုလုပ်ထားသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦး ပြင်းထန်ဒဏ်ရာရပြီး သေဆုံးမှုရှိနိုင်ကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ဗိုလ်လယျာ်က ပြောသည်။

ပြည်သူလူထုအား ခရီးသွားလာရာတွင် တားဆီးစစ်ဆေး ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးအား ပေါက်ကာကွယ်ရေး ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင်(ပကဖ) ရင်း (၁) ခွဲ (၃) စိတ် (၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ (မတ်လ၂၂ရက်)က စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ် ကံသစ်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာရာ တောင်အိုတာတိုင်ကျေးရွာအနီးရှိ ကိုရှိန်းဆီဆိုင်အနီး အရောက်တွင် ဒရုန်းဖြင့် အီနာဂါဗုံးသီးများချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ရေစကြို(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သွားသည့် စစ်သားများအား ကျောက်လှေကားရွာအနီးရှိ GTCကျောင်းတွင်းသို့ခေါ်ဆောင်သွားကြောင်း၊ စစ်အုပ်စုက လက်နက်ငယ်နှင့်(၄၀) မမများဖြင့် ပြန်ပစ်သော်လည်း အထိအခိုက်မရှိဟု ပကဖအဖွဲ့က ဆိုသည်။

“သူတို့က ကံသစ်နဲ့ ကျီးကန်ကြားမှာ တစ်ညအိပ်တယ်။ မနက်လင်းတော့ ကားလမ်းတလျှောက် စစ်ကြောင်းထိုးလာပြီး ကိုရှိန်းဆီဆိုင်နားအရောက်မှာ မစ်ရှင်ဖော်ခဲ့တာ။ ဒရုန်းနဲ့အီနာဂါ သုံးလုံးချတယ်။ ချတဲ့အချိန်မှာ သူတို့တွေအထိအခိုက်များတယ်။ ငါးယောက်ကတော့တော်တော်လေးပြင်းပြင်းထန်ထန်ထိခိုက်တယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်ကလည်း ရေစကြိုမြို့နယ် ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူအထိုင်စခန်းအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးဟု ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

ဇီးတောပျူကျေးရွာနှင့် ခလရ (၂၅၇)အတွင်းမှ စက်ကလေးများ၊ (၆၀) မမများဖြင့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိခိုက်မရှိ ပြန်ဆုတ်ခဲ့သည်ဟု ရေစကြို(ပကဖ)အဖွဲ့တာဝန်ရှိသူက ဆိုသည်။

ယနေ့ (မတ်လ၂၃ရက်) နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ် တောင်အိုတာတောင်ကျေးရွာမှ

သမန္တပို့ကျေးရွာဘက်သို့ ခွဲထွက်လာသော စစ်ကောင်စီတပ်၏ အင်အား ၃၀ဦးခန့်သည် သမန္တပို့တောင်ရွာအားဝင်ရောက် မွှေနှောက်ခဲ့သည်။

နံနက်၁၀နာရီခွဲခန့်တွင် သမန္တပို့အလယ်ရွာအကူး၌ ​ရှေ့ပြေးကင်း ငါးဦးအား မီတာ ၅၀အတွင်း အနီးကပ်ပစ်ခတ်ခဲ့ရာ ​ငါးဦးလုံး ပွဲခြင်းပြီးသေဆုံးခဲ့ကာ ကျန်စစ်သားများလည်း အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။

“ငါးကောင်နဲ့နောက်ကအဖွဲ့တွေက နဲနဲပဲကွာတယ်။ ​ရှေ့ပြေးအရင် လွှတ်တဲ့ကင်းနဲ့အရင်တွေ့တာ။”ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် မိနစ်၃၀ကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း၊ စစ်သားအလောင်းများအား လာရောက်ထမ်းသယ်သွားကြောင်းသိရသည်။

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။