Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ အရာတော်နှင့် ဝက်လက်နယ်တို့တွင် စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

” ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(၂ဝ၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းအပြီး နေပြည်တော်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AFP)
(၂ဝ၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းအပြီး နေပြည်တော်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AFP)

စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ အရာတော်နှင့် ဝက်လက် မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ဒရုန်းများ၊ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၂၂ရက် ည​နေ ၅နာရီခန့်က မုံရွာမှ အရာ​​​တော်မြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသော (၁၂)ဘီးယာဉ် ငါးစီးအနက် နှစ်စီးအား လွှတ်ပေးလိုက်ရာ လမ်းကြောရှင်းသည်အထင်ဖြင့် မောင်းနှင်လာသော (၁၂)ဘီးယာဉ်တစ်စီးအား မိုင်းပွိုင့်ရှေ့အရောက် ပဒေသာမိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားသည်ဟု သတင်းရကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

အလားတူ ယမန်နေ့ (မတ်လ ၂၃ ရက်) နံနက် ၇နာရီကျော်က စစ်ကိုင်းမြို့နယ်၊ နုံးတွင်း ခြေတော်ရာတပ်မှ ထွက်လာသည့် စစ်ကောင်စီယာဥ်ငယ်တစ်စီးသည် ညောင်ပင်ဝန်းနှင့် နတ်ခရိုင်ကြား လယ်ကြီးလမ်းမပေါ်တွင်ရပ်တန့်ကာ မိုင်းရှင်းရန်ကြိုးစားစဉ် ဒေသတွင်း PDFအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

” ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြသော်လည်း PDFရဲဘော်များ ထိခိုက် မှုမရှိဟု ဆိုသည်။

အလားတူ မတ်လ ၂၃ ရက်ကပင် ဝက်လက်မြို့ မီးသတ်ရုံးတွင် ကင်းပုန်းဝပ်နေသော ပျူများကို တပ်ခွဲ (၁)က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ပျူနှစ်ဦးလည်း ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့ တာဝန်ခံက ပြောသည်။

အရာတော်စစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့နှင့် Ayadaw Falcon Force(AF2)တို့ကလည်းကောင်း၊ စစ်ကိုင်းစစ်ဆင်ရေးကို ဒေါင်းစစ်သည် sagaing region people’s defence force ၊ local defence force brotherhood of dragon ၊ မန္တလေးခရိုင် တပ်ရင်း (၆) တပ်ခွဲ (၃) တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook