Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီစခန်းချရာနေရာ နှစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၆ ရက်ကလည်း ဘုတလင်မြို့နယ်မှ စိုင်ပြင်ဘက်သို့ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို စိုင်ပြင်မြို့အတွင်းသို့ ဝင်ရောက်အထိုင်ချနေစဉ် တာဝေးပစ် ရေယ့ကတ် (၂)လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

(စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်နှင့် စိုင်ပြင်မြို့တို့ရှိ စစ်ကောင်စီစခန်းများအား တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း Northern Tigers Group၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၈ ရက် ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီစခန်းချရာနေရာသို့ ရှော့တိုက် ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း NTG၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၆ ရက်ကလည်း ဘုတလင်မြို့နယ်မှ စိုင်ပြင်ဘက်သို့ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို စိုင်ပြင်မြို့အတွင်းသို့ ဝင်ရောက်အထိုင်ချနေစဉ် တာဝေးပစ် ရေယ့ကတ် (၂)လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စိုင်ပြင်ပတ်လည် မင်းတဲကုန်း၊ဂွေးပင်ကုန်း၊ကျခတ်၊ရွှေဒါးကန် ကင်းပုန်းများချထားတယ်။”ဟု NTG၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးများအတွက် ရော့ကတ်များကို Sagaing Region’s PDF supporting team(civil Media)က ပံ့ပိုးပေးပြီး Northern Tigers Group၊ တပ်ရင်း (၂၀) ခွဲ(၃) Savior revolution force၊ ဒီပဲယင်း မဟာမိတ်ညီနောင်များအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။