Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီစခန်းချရာနေရာ နှစ်ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၆ ရက်ကလည်း ဘုတလင်မြို့နယ်မှ စိုင်ပြင်ဘက်သို့ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို စိုင်ပြင်မြို့အတွင်းသို့ ဝင်ရောက်အထိုင်ချနေစဉ် တာဝေးပစ် ရေယ့ကတ် (၂)လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

(စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်နှင့် စိုင်ပြင်မြို့တို့ရှိ စစ်ကောင်စီစခန်းများအား တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း Northern Tigers Group၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၈ ရက် ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီစခန်းချရာနေရာသို့ ရှော့တိုက် ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း NTG၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၆ ရက်ကလည်း ဘုတလင်မြို့နယ်မှ စိုင်ပြင်ဘက်သို့ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို စိုင်ပြင်မြို့အတွင်းသို့ ဝင်ရောက်အထိုင်ချနေစဉ် တာဝေးပစ် ရေယ့ကတ် (၂)လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စိုင်ပြင်ပတ်လည် မင်းတဲကုန်း၊ဂွေးပင်ကုန်း၊ကျခတ်၊ရွှေဒါးကန် ကင်းပုန်းများချထားတယ်။”ဟု NTG၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးများအတွက် ရော့ကတ်များကို Sagaing Region’s PDF supporting team(civil Media)က ပံ့ပိုးပေးပြီး Northern Tigers Group၊ တပ်ရင်း (၂၀) ခွဲ(၃) Savior revolution force၊ ဒီပဲယင်း မဟာမိတ်ညီနောင်များအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။