Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းတွင် တပ်စွဲထားသောစစ်ကောင်စီစခန်းအား PDF စခန်းသိမ်းတိုက်ပွဲဆင်နွှဲ

ထိုသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂၀ ဦး ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ရဲဘော် ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

(ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဥ်)
(ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဥ်)

▪︎စစ်သား ၂၀ကျော်သေဆုံးပြီး PDFရဲဘော် ခုနစ်ဦးဒဏ်ရာရ ၊စခန်းသိမ်းလုနီးတွင် စစ်ကူများ​ထပ်ရောက်လာ၍ မသိမ်းနိုင်ခဲ့ဟုဆို

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းအား ပြီးခဲ့သည့် ဧပြီ ၉ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းစစ်ကြောင်းမှ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်မှတာဝန်ရှိသူတစ်ဦးက ​ပြောသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂၀ ဦး ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းမှ ရဲဘော် ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

“စခန်းရလုလုအချိန်မှာ စစ်ကောင်စီဖက်က အင်အားအများအပြား စစ်ကူရောက်ရှိလာပါတယ်။လက်နက်ကြီးပစ်ကူ တရစပ်နဲ့ဖိအားပေးခံလာရချိန်မှာ ပြည်သူ့ကာကွယ်ရေးအင်အားစုတွေဖက်က လက်နက်အင်အားမမျှတမှုကြောင့် ခွာစစ်ပြုခဲ့ရတာပါ” ဟုတာဝန်ရှိသူက ​ပြောသည်။

တိုက်ပွဲမှ နံနက် ၆နာရီမှစတင်ခဲ့ပြီး ၈နာရီခွဲ​ကျော်တွင် ခွာစစ်ပြုခဲ့၍ တိုက်ပွဲဖြစ်ပွားချိန် ၂နာရီခွဲ​ကျော်ကြာမြင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းစခန်းသိမ်းတိုက်ပွဲတွင် ထားဝယ်ခရိုင်၊တပ်ရင်း(၁)မှ ဗိုလ်မီးပွားဦးဆောင်သော တပ်ခွဲ(၁) စစ်ကြောင်း၊ ဗိုလ်နဂါးဦးဆောင်သော တနင်္သာရီစစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင် တပ်ရင်း(၂)၊ ဥဩစစ်ကြောင်း၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၊ ထားဝယ်တောင်ပိုင်းတိုင်းတပ်ဖွဲ့၊သရက်ချောင်း တပ်ဖွဲ့၊ နွေဦး‌ြေပာက်ကျားတပ်ဖွဲ့၊ထားဝယ်နဂါးတပ်ခွဲ (၂)နှင့်တပ်ခွဲ (၅)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

“ထားဝယ်ခရိုင်အတွင်းမှာတော့ အဓိကစစ်ဆင်ရေးလုပ်ငန်းစဉ်တွေမှာ အရင်ကတည်းက ပူးပေါင်းလုပ်‌ဆောင်ကြတာများပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပူး​ပေါင်းစစ်ဆင်​ရေးနှင့်ပတ်သပ်၍ ​ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။