Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် မိုင်းကွင်းပေါ် စစ်ဆေးရေးလုပ်နေသည့် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်

စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်အုပ်စုအား ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နေစဉ်)
(စစ်အုပ်စုအား ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နေစဉ်)

▪️မိုင်းလာရှင်းသည့် စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက် ရာ စစ်ကောင်စီတပ်သား ၁၂ ဦးသေဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မိုင်းကွင်းပေါ်၌စုပြီး စစ်ဆေးရေးလုပ်နေသည့် စစ်အုပ်စုနှင့် မိုင်းရှင်းလာသည့်စစ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ ၁၂ဦးသေဆုံးကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ၂၁ ရက်) မွန်းတည့် ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာထိပ်၌ ကင်းပုန်းများချပြီး ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေတောင်းနေသော အင်အား ၂၅ဦးခန့်ရှိသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် မိုင်းကွင်းပေါ်တည့်တည့်နေရာယူထားစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင်လည်း မိုင်းရှင်းရန်လာသော စစ်ကောင်စီတပ်သားများကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့သေဆုံးထိခိုက်တာတွေကို သတင်းပေးကနေတဆင့် သိရတာပါ။ကျွန်တော်တို့ ထောင်ထားတဲ့မိုင်းက သူတို့အစစ်အဆေးလုပ်နေတဲ့ ကျောက်ကန်ရွာထိပ်က ဇရပ်နားမှာပါ။ ပူတဲ့အချိန် ဇရပ်နားစုနေတဲ့အချိန်ကို စောင့်ပြီးမိုင်းဆွဲခဲ့တာပါ။ လူနာတင်ယာဥ်နှစ်စီးနဲ့ လာတိုက်သွားတာပါ”ဟု ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံ(ပ.က.ဖ)နှင့် ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးထားသည်။

ဧပြီ ၈ ရက် နံနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ ယုန်တိုးတောင်ဘက်တကြောတွင် စစ်ကြောင်းထိုး၍ပြန်လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသတွင်း PDFအဖွဲ့များ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။