Connect with us

Hi, what are you looking for?

သတင်း

မင်းကင်း၊ မအူရွာမှ စစ်တပ်နှင့်ပျူ ပူး​​ပေါင်းစခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်

ပျူရွာဟုနာမည်ကြီးသော မအူရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့၏စခန်းကိုပြီးခဲ့သည့် ဧပြီလ ၁၀ရက်တွင် ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)

မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ၊မအူရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့၏စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ဖျက်ဆီးခဲ့ကြောင်းမင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

“စခန်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ဖက်ကတော်တော်လေးကျတယ်လည်း ကြားတယ်။ အဲ့နေ့က စစ်ကောင်စီကလုပ်နေကြ လေကြောင်းကနေ မလာခင်မှာ စခန်းကို ဖျက်ဆီးခဲ့တယ်။ လေကြောင်းကနေလည်း တိုက်လာပါတယ်”ဟု မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကလည်းပြောသည်။

ပျူရွာဟုနာမည်ကြီးသော မအူရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့၏စခန်းကိုပြီးခဲ့သည့် ဧပြီလ ၁၀ရက်တွင် ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း နှစ်ကွင်း၊ရှေ့တန်းစခန်းနှင့် ကတုတ်ကျင်း၊ဘန်ကာများအားအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့သည်ဟု Minkin People’s Defence Force – MKPDF 2 က ယနေ့(ဧပြီ ၂၂ရက်)သတင်းထုတ်ပြန်သည်။အင်တာနက်အခက်ခဲနှင့် လုံခြုံရေးကြောင့် ယခုမှ သတင်းထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်းလည်း MKPDF-2 က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မအူရွာသည် တောင်တွင်းဒေသ ကျေးရွာ ၃၆ရွာတွင် ပါဝင်ပြီး စစ်ကောင်စီနှင့် ပျုစောထီးများ ခြေကုပ်ယူထားသည့်ရွာဟု တော်လှန်ရေးအင်အားစုများကပြောသည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)

” မအူရွာက ပျူရွာလို့ ပြောရတော့မယ်။ ပျူမဟုတ်တဲ့သူ​တွေက ရွာကနေ ထွက်သွားကြပြီ။ ကျန်နေတာက ပျုစောထီးတွေ။စစ်တပ်ကလည်း အထိုင်ချထားတယ်”ဟု မင်ကင်းမြို့ခံတစ်ဦးကပြောသည်။

ယခုအခါ ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်း ကနယ်မြေစိုးမိုးမှုများ ဆက်တိုက်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သည့်နေရာများအားရှောင်ရှားကြရန်နှင့် သတိပေးထုတ်ပြန်ချက်များကို လိုက်နာပူးပေါင်းပေးကြပါရန်က တိုက်တွန်းထားသည်။

(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)
(စစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ပြီး ရဟတ်ယာဥ်ကွင်းနှင့် ဘန်ကာများကိုဖျက်ဆီးခဲ့သည်။ဓါတ်ပုံ-MKPDF -2)

ဧပြီ ၁၇ ရက်ကလည်း ပြည်သူ့ကာကွယ်​ရေူတပ်မ​တော် ယင်းမာပင်ခရိုင်တပ်ရင်းက ကနီမြို့နယ်ရှိ တာဝါတိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၅ လက်၊ ကျည်နှင့် ခဲယမ်းများစွာသိမ်းပိုက်နိုင်ခဲ့ပြီး ၊စစ်တပ်မှ အရာရှိအပါအဝင် ၂၀ ​ကျော်​သေဆုံးခဲ့​ကြောင်း NUG ၊ ကာကွယ်​ရေးဝန်ကြီး ဌာန ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။