Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နယ်မြေရှိ စခန်းလေးခုတိုက်ခိုက်မှု စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး အပါအဝင် ၂၀ကျော် သေဆုံးဟုဆို

“စခန်းတစ်ခုဆို စစ်ကောင်စီတပ်သားတွေက တိုက်ကိုမတိုက်ရသေးဘူး။ သူတို့ အသေခံပြီး ဒီအတိုင်းလစ်ပြေးသွားတာလို့ သိရတယ်”ဟု​ဒေသခံတစ်ဦးက ပြောသည်။

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းလေးခု တိုက်ခိုက်မှု၌ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၂၁ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုအချို့က အသိပေးသည်။

တပ်မဟာ(၃)နယ်မြေရှိ ရန်မျိုးအောင်၊ ညောင်ကုန်း၊ နောင်ကုန်းနှင့် ကျွန်းကုန်း တပ်စခန်းများကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များက ယမန်နေ့နံနက်တွင် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်စခန်း နှစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးကာ ၁၇ဦး ဒဏ်ရာရခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KNUက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တစ်ဦးက စခန်းလေးခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒုရင်းမူးအပါအဝင် ၂၁ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် KNLA နှင့် PDFပူးပေါင်းစစ်ကြောင်းမှ ရဲဘော် တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၉လက်နှင့် လက်နက်ကြီး တစ်လက်၊ ခဲယမ်း၊ ကျည်များရရှိခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

KNU၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ လာရောက်သော်လည်း စခန်းသိမ်းပြီး ၂နာရီကျော်ကြာမှ ရောက်ရှိလာခြင်းဖြစ်ပြီး ဒေသတွင်းသို့ ရမ်းသမ်းပစ်ခတ်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စခန်း လေးခုအား တိုက်ခိုက်ရာတွင်လည်း နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းတွင်မနေဘဲ ပုန်းရှောင်နေခဲ့ကြောင်း KNUက အသိပေးထားသည်။

“စခန်းတစ်ခုဆို စစ်ကောင်စီတပ်သားတွေက တိုက်ကိုမတိုက်ရသေးဘူး။ သူတို့ အသေခံပြီး ဒီအတိုင်းလစ်ပြေးသွားတာလို့ သိရတယ်”ဟု​ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။