Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်ခံရသည့် ပဇီကြီးရွာအနီးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုဖြင့် ဆက်လက်ထိုးနေ

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့(ဧပြီ ၂၆ရက်)ညက မြေမွန်ကျေးရွာတွင် ညအိပ်ပြီး ယနေ့ နံနက်တွင် စကျင်ရွာနှင့်ချောင်းမကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၃ရက်က ပဇီကြီးရွာ၏ မြင်ကွင်း။ ဓာတ်ပုံ - ပေးပို့)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၃ရက်က ပဇီကြီးရွာ၏ မြင်ကွင်း။ ဓာတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများက စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှစ်ကြောင်းသည် ယနေ့(ဧပြီလ ၂၇ရက်)နံနက်တွင် ‌စကျင်ရွာနှင့်ချောင်းမကြီးကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။

“စစ်ကြောင်းတစ်ကြောင်းက မြေမွန်ရွာရဲ့ အနောက်ဘက် စကျင်ရွာကို ရောက်နေပြီ။ တစ်ကြောင်းကတော့ ချောင်းမကြီးရွာကို မွှေနေတယ်။ကျွန်တော်တို့ အရပ်သားတွေကတော့ပြေးလွှားနေကြတယ်”ဟု ဘေးလွတ်ရာတိမ်းရှောင်နေရသော ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့(ဧပြီ ၂၆ရက်)ညက မြေမွန်ကျေးရွာတွင် ညအိပ်ပြီး ယနေ့ နံနက်တွင် စကျင်ရွာနှင့်ချောင်းမကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

မြေပြင်စစ်ကြောင်းစတင်ခဲ့သည့် ဧပြီ ၂၀ရက်မှ ဧပြီ ၂၅ရက်အတွင်း ပဇီကြီးရွာ၊ လေးတွင်းစင်ရွာနှင့် ချောင်းသာရွာမှ အရပ်သားပြည်သူများ၏ နေအိမ် ၅၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယခုစစ်ကြောင်းသည် ဧပြီ ၁၁ရက်က ဒေသခံ ၁၆၈ ဦးထက်မနည်းသေဆုံးခဲ့သော ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီးနောက် ဧပြီ ၁၉ရက်မှစတင်၍ ဝက်ရောက်လာသော မြေပြင်စစ်ကြောင်းဖြစ်သည်။

အင်အား ၁၀၀ ခန့်စီဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲထားသည်ကို တွေ့ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ကြောင်းတစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် ပဇီကြီးရွာနှင့် တစ်မိုင်ခန့်အကွာရှိ လေးတွင်းစင်ရွာတွင် ဧပြီ ၂၂ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၅ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ထပ်မံသိရှိရသောသတင်းအရ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး တစ်ဦး လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု ပြည်သူ့ကာကွယ်‌ ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ပဇီကြီး၊လေးတွင်းစင်၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊စကျင်၊ မြေမွန်၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။