Connect with us

Hi, what are you looking for?

News

ကျိုက်ထိုတွင်စစ်တပ်ယာဉ်ကို KNUတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦး သေဆုံး

KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးကလည်း ယခုတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရှိ တပ်ဖြစ်ကြောင်း ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင်စစ်ကောင်စီတပ်ယာဉ်ကို စက်တင်ဘာ ၂၂ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကားတစ်စီးထိခိုက်တိမ်းမှောက်သွားတယ်။ တိမ်းမှောက်ပြီးတော့ တပ်သားက ၂၅ဦးသေတယ် ၅ဦးလား ဒဏ်ရာရတယ်။ ရွှေသံလွင်ဆီဆိုင်နဲ့ ခ၀ချောင်း တံတားကြားပေါ့။ သူတို့ စစ်ကားနဲ့သွားပြီး သူတို့ လမ်းဖြတ်ရင်းနဲ့ ထိပ်တိုင်ရင်ဆိုင်ဖြစ်သွားတော့ ပစ်ခဲ့တယ် RPGနဲ့” ဟု ၎င်းက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် မိုင်းဆွဲတိုက်ခိုက်မှု ပါ၊မပါ မသိရသေးဟု ဆိုသည်။

ထိုဖြစ်စဉ်ကို Salween Press သတင်းဌာနကလည်း ဖော်ပြခဲ့ရာ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ၍ ၂၅ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရကြောင်း၊တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် အဆိုပါ တိုက် ခိုက်မှုသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်အချင်းချင်း မှာယွင်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် မဲယွန်းကြီးရွာသား ၂ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးကလည်း ယခုတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရှိ တပ်ဖြစ်ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

ယခု တိုက်ခိုက်မှုဖြစ်ပေါ်လာရခြင်းမှာ စစ်ကောင်စီတပ်က မဲယွန်းကြီးဒေသရှိ KNU ဂိတ်ကို စက်တင်ဘာလလယ်က လာရောက်တိုက်ခိုက်ခဲ့၍ တုံ့ပြန်သည့် သဘောဖြစ်နိုင်ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

“အင်အားအလုံးအရင်းနဲ့ သွားပြီးတော့ ကျွန်တော်တို့ ဂိတ်ကို ဝင်ပစ်တယ်။ ဝင်ပစ်ပြီးတော့ ကျွန်တော်တို့က ပြန်ခုခံတာ အဲဒီလိုပဲဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။

ယနေ့ (စက်တင်ဘာ ၂၃ရက်)တွင် သထုံမြို့နယ် ထုံးဘိုကြီးနှင့် ထုံးဘိုလေးကြားတွင်လည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

လတ်တလောတွင် KNU တပ်မဟာ(၅)၊ တပ်မဟာ(၃)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁) နယ်မြေများ၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေ၍ KNU တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။