Connect with us

Hi, what are you looking for?

သတင်း

မြင်းမူးမြို့နယ်တွင် မင်္ဂလာဆောင်ကျင်းပနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဧပြီ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီ​ကြီးကျေးရွာ၌ အခမ်းအနားတစ်ခုပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးသူငယ်များအပါအဝင် လူ၁၈၀ကျော် သေဆုံးခဲ့သည်။

(မြင်းမူမြို့လယ်တစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(မြင်းမူမြို့လယ်တစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ညောင်ရင်းကျေးရွာတွင် မင်္ဂလာဆောင်ကျင်းပနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့ (ဧပြီ၂၉ ရက်) နံနက် ၁၀နာရီခွဲခန့်က မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သည် မြင်းမူတန်ပိုဂိတ်အနီးမှ ညောင်ရင်းကျေးရွာဘက်သို့ (၆၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ညောင်းရင်းကျေးရွာမှာ မင်္ဂလာဆောင်ရှိလို့အဲပွဲကိုပစ်တယ်လို့ ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့်ညောင်ရင်းကျေးရွာမှ ပြည်သူများထွက်ပြေးတိမ်ရှောင်နေရပြီး ထိခိုက်မှုအခြေအနေမသိရသေးဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဧပြီ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီ​ကြီးကျေးရွာ၌ အခမ်းအနားတစ်ခုပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးသူငယ်များအပါအဝင် လူ၁၈၀ကျော် သေဆုံးခဲ့သည်။

ထိုဖြစ်စဥ်ကြောင့် စစ်ကိုင်းတိုင်းအတွင်းဒေသအချို့တွင် ပွဲအခမ်းအနားများအား ပြုလုပ်ခြင်းမပြုရန် ဒေသကာကွယ်ရးအဖွဲ့များက သတိပေးထားသ​ည်။

ထို့အပြင် မြင်းမူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသောနေရာများ၊ စစ်ကောင်စီလက်အောက်ခံရုံးများအနီး မီတာ ၃၀၀ပတ်လည်အတွင်းသို့ ပြည်သူများသွားလာ ဆက်ဆံခြင်းမပြုကြရန် GTR MMU အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။