Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူးမြို့နယ်တွင် မင်္ဂလာဆောင်ကျင်းပနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဧပြီ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီ​ကြီးကျေးရွာ၌ အခမ်းအနားတစ်ခုပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးသူငယ်များအပါအဝင် လူ၁၈၀ကျော် သေဆုံးခဲ့သည်။

(မြင်းမူမြို့လယ်တစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(မြင်းမူမြို့လယ်တစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ညောင်ရင်းကျေးရွာတွင် မင်္ဂလာဆောင်ကျင်းပနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့ (ဧပြီ၂၉ ရက်) နံနက် ၁၀နာရီခွဲခန့်က မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သည် မြင်းမူတန်ပိုဂိတ်အနီးမှ ညောင်ရင်းကျေးရွာဘက်သို့ (၆၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ညောင်းရင်းကျေးရွာမှာ မင်္ဂလာဆောင်ရှိလို့အဲပွဲကိုပစ်တယ်လို့ ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့်ညောင်ရင်းကျေးရွာမှ ပြည်သူများထွက်ပြေးတိမ်ရှောင်နေရပြီး ထိခိုက်မှုအခြေအနေမသိရသေးဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဧပြီ၁၁ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ပဇီ​ကြီးကျေးရွာ၌ အခမ်းအနားတစ်ခုပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးသူငယ်များအပါအဝင် လူ၁၈၀ကျော် သေဆုံးခဲ့သည်။

ထိုဖြစ်စဥ်ကြောင့် စစ်ကိုင်းတိုင်းအတွင်းဒေသအချို့တွင် ပွဲအခမ်းအနားများအား ပြုလုပ်ခြင်းမပြုရန် ဒေသကာကွယ်ရးအဖွဲ့များက သတိပေးထားသ​ည်။

ထို့အပြင် မြင်းမူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသောနေရာများ၊ စစ်ကောင်စီလက်အောက်ခံရုံးများအနီး မီတာ ၃၀၀ပတ်လည်အတွင်းသို့ ပြည်သူများသွားလာ ဆက်ဆံခြင်းမပြုကြရန် GTR MMU အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။