Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် ရခိုင်နဲ့ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်

ငပလီက ကမ်းခြေဟိုတယ်အချို့ကလည်း မုန်တိုင်းကြောင့် ဟိုတယ်ခေတ္တပိတ်ထားမယ်လို့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာကြပါတယ်။

မုန်တိုင်းကြောင့် ရခိုင်နဲ့ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်
မုန်တိုင်းကြောင့် ရခိုင်နဲ့ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်

အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းကြောင့် နာမည်ကျော် ငပလီကမ်းခြေ ၊ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို မေလ ၁၅ ရက်အထိ ပိတ်ထားမယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေထံကသိရပါတယ်။

အဲဒီကမ်းခြေတွေကို ဒီနေ့ မေလ ၁၂ ရက်ကနေ စတင်ပြီး မေလ ၁၅ ရက်အထိ ၄ ရက်ကြာ ပိတ်ထားမှာဖြစ်လို့ ဟိုတယ်တွေ ၊တည်းခိုခန်းတွေအနေနဲ့ လည်း အခန်းဌားရမ်းတာကို ရပ်ဆိုင်းထားပါတယ်။

ငပလီက ကမ်းခြေဟိုတယ်အချို့ကလည်း မုန်တိုင်းကြောင့် ဟိုတယ်ခေတ္တပိတ်ထားမယ်လို့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာကြပါတယ်။

ဧရာဝတီတိုင်းထဲက ချောင်းသာ ၊ငွေဆောင်ကမ်းခြေတွေလည်း ငပလီနည်းတူ ပိတ်ထားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” မုန်တိုင်းပြီးလောက်တဲ့အချိန်မှ ပြန်ဖွင့်မယ်” လို့ ချောင်းသာကမ်းခြေ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။

ငွေဆောင်ကမ်းခြေမှာလည်း မေလ ၁၁ ရက်ကစတင်ပြီး ဟိုတယ်တွေ ၊တည်းခိုခန်းတွေ ပိတ်ကြပြီလို့ သိရပါတယ်။

မုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံ ကျောက်ဖြူမြို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမြို့နယ်ကနေ ဖြတ်သန်းမှာပါ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။