Connect with us

Hi, what are you looking for?

သတင်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါအရေးပေါ်တုံ့ပြန်ရေး ကန်ဒေါ်လာ ၁သန်း မတည်

မုန်တိုင်းအရေးပေါ်ကာလအတွင်း ပအဖ၊ ပကဖများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် အရေးပေါ်လုပ်ငန်းများတွင် ဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရေး အချိန်နှင့်တပြေးညီ ညွှန်ကြားပေးရန် စသည့်တို့ကို ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါအရေးပေါ်တုံ့ပြန်ရေး ကန်ဒေါ်လာ ၁သန်း မတည်
ဆိုင်ကလုန်းမုန်တိုင်း မိုခါအရေးပေါ်တုံ့ပြန်ရေး ကန်ဒေါ်လာ ၁သန်း မတည်

စစ်ကိုင်းနှင့် မကွေးအတွက် အခွန်၏ ၁၀ရာခိုင်နှုန်းသုံးစွဲရန် NUG ဆုံးဖြတ်

ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေး ယနေ့ ကျင်းပခဲ့ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သန်း မတည်ရန် ဆုံးဖြတ်ခဲ့ပြီး အခွန်ကောက်ခံရရှိငွေများ၏ ၁၀ရာခိုင်နှုန်းကို သုံးဆွဲရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ အစည်းအဝေးကို ယနေ့ (မေလ ၁၃ရက်) နံနက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင်ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါအရေးပေါ်တုံ့ပြန်ရေး ကန်ဒေါ်လာ ၁သန်း မတည်
ဆိုင်ကလုန်းမုန်တိုင်း မိုခါအရေးပေါ်တုံ့ပြန်ရေး ကန်ဒေါ်လာ ၁သန်း မတည်

အဆိုပါ အစည်းအဝေးမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပြီး လုပ်ငန်းအဖွဲ့တာဝန်အလိုက်စတင် ဆောင်ရွက်ရန်၊ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁)သန်း မတည်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ ၁၀ရာခိုင်နှုန်းမှ သုံးစွဲရန်၊ မိုးလေဝသသတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်မည့် သတင်းများအား စိစစ်အတည်ပြုပြီး လုထူသို့ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးရန်၊ နိုင်ငံတကာအကူအညီများရရှိရေးနှင့် NUG မူဝါဒကြေညာချက် ထုတ်ပြန်ရေးအတွက် EOCC၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မုန်တိုင်းအရေးပေါ်ကာလအတွင်း ပအဖ၊ ပကဖများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် အရေးပေါ်လုပ်ငန်းများတွင် ဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရေး အချိန်နှင့်တပြေးညီ ညွှန်ကြားပေးရန် စသည့်တို့ကို ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြထားသည်။

ယနေ့ အစည်းအဝေး၌ မုန်တိုင်းသက်ရောက်နိုင်သည့် ပြည်နယ်၊တိုင်းများရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူသို့ မုန်တိုင်းသတင်းများ၊ သတိပေးချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးနေမှုများကို ဆွေးနွေးခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၄ သိန်းလောက် အရေးပေါ် ရွှေ့ပြောင်းထားရပါတယ်။