Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံပြီး ကျေးရွာ ၁၂ ရွာထက်မနည်း ရေနစ်မြုပ်၊ အကူအညီများလိုအပ်နေ

မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံကာ ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ကြောင်း၊တောင်သူများ၏ စိုက်ခင်းများနှင့်မွေးမြူရေးတိရိစ္ဆာန်များ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ယင်းမာပင်နယ်တွင် ရေနစ်မြုပ်ခဲ့သော ကျေးရွာမှ ဒေသခံတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ယင်းမာပင်နယ်တွင် ရေနစ်မြုပ်ခဲ့သော ကျေးရွာမှ ဒေသခံတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယမားချောင်းရေလျှံပြီး ကျေးရွာ ၁၂ ရွာထက်မနည်း ရေနစ်မြုပ်ခဲ့ကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံကာ ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ကြောင်း၊တောင်သူများ၏ စိုက်ခင်းများနှင့်မွေးမြူရေးတိရိစ္ဆာန်များ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အားလုံးပေါင်း ၁၂ရွာလောက်ရှိတယ်လို့သိရတယ်။ မြောက်ယမားဘေးတလျှောက်က ကျေးရွာအကုန်နီးပါး ​ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။”ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရေကြီးမှုကြောင့် ယင်းမာပင်-ညောင်ပင်ကြီးသွား ကားလမ်း၊ ကောင်းဆင့်တံတား ချဥ်းကပ်လမ်းများ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မုန်တိုင်းကြောင့်ရေဘေးသင့်ခဲ့သော ကျေးရွာများတွင် စားနပ်ရိက္ခာ၊သောက်သုံးရေသန့်နှင့် အဝတ်အထည်များ၊ ဆေးဝါးများလိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ဒေသခံများတိမ်းရှောင်နေရပြီး မုန်တိုင်းကြောင့်လမ်းများပျက်စီးနေ၍ သွားလာရေးအခက်အခဲရှိကြောင်း နယ်ခံများက ပြောသည်။

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စိုက်ပျိုးထားသော သီးနှံဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနေအိမ်နှင့် အိမ်အသုံးအဆောင်များပျက်စီးခြင်း၊ လူနှင့်တိရိစ္ဆာန်များ မျောပါသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။