Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ G7 အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်

G7ကို ၁၉၇၅ ခုနှစ်မှာ စတင်ထူထောင်ပြီး အဖွဲ့ဝင်တွေ အနေနဲ့ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါ၊ ဗြိတိန်တို့ ပါဝင်ခဲ့ပြီး အခုအခါ ဥရောပ သမဂ္ဂကပါ ပူးပေါင်းချိတ်ဆက်လာခဲ့ပါတယ်။ အခုနှစ် အစည်းအဝေးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုပါ အထူးဧည့်သည်တော် အနေနဲ့ ဟီရိုရှီးမားမြို့ဆီ ဖိတ်ကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ G7 အဖွဲ့က သဘောထား ကြေညာချက် ထုတ်ပြန်
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ G7 အဖွဲ့က သဘောထား ကြေညာချက် ထုတ်ပြန်

ကျင်းပ ပြီးစီးခဲ့တဲ့ Group of Seven (G7) ထိပ်သီး ညီလာခံ အပြီးမှာ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေအပေါ် အလေးအနက် စိုးရိမ်ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်သွားခဲ့ပါတယ်။

၄၉ ကြိမ်မြောက် G7 ထိပ်သီး ညီလာခံကို မေလ ၁၉ ရက်ကနေ ၂၁ ရက်ထိ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီး ၇ ခုရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး ပူးတွဲ ကြေညာချက်တွေမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားကိုပါ ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။

G7 အနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေး၊ လူသားရေးရာ အကျပ်အတည်းတွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေအားလုံး ဆက်လက် ကျဆင်းနေတဲ့အပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း၊ G7ဟာ မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်တယ်ဆိုတာကို ပြသလိုကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

နောက်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အရေး ဆွေးနွေး အဖြေရှာဖို့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ကြိုးစားနေတာ အပါအဝင် နိုင်ငံတကာ အားထုတ်မှုတွေကိုလည်း G7က ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အာဏာသိမ်း မြန်မာစစ်တပ် အနေနဲ့ အကြမ်းဖက် လုပ်ဆောင်မှု အားလုံးကို ချက်ချင်း ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး ပြန်လွှတ်ဖို့၊ သက်ဆိုင်သူ အားလုံး ပါဝင်နိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပေါ်ထွန်းလာမယ့် နိုင်ငံရေး ဆွေးနွေးမှု ပတ်ဝန်းကျင်မျိုး ဖော်ဆောင်ပေးဖို့၊ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ပေးဖို့လည်း G7က ခြွင်းချက်မရှိ တောင်းဆိုတယ်လို့ ဆိုပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကို ပြည်ပကနေ လက်နက်တင်သွင်းမှု အားလုံး ရပ်တန့်ဖို့လည်း G7က ထပ်လောင်း တိုက်တွန်းသွားပြီး မြန်မာပြည်သူတွေ၊ အထူးသဖြင့် အခြေအနေ အဆိုးဆုံး သက်ရောက် ခံစားနေရသူတွေအတွက် လုံခြုံတဲ့၊ အချုပ်အနှောင်ကင်းတဲ့၊ ဖူလုံတဲ့ အထောက်အပံ့တွေ ပေးပို့နိုင်ရေးအတွက် အားပေး တောင်းဆိုလိုကြောင်းလည်း ကြေညာသွားခဲ့ပါတယ်။

G7ကို ၁၉၇၅ ခုနှစ်မှာ စတင်ထူထောင်ပြီး အဖွဲ့ဝင်တွေ အနေနဲ့ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါ၊ ဗြိတိန်တို့ ပါဝင်ခဲ့ပြီး အခုအခါ ဥရောပ သမဂ္ဂကပါ ပူးပေါင်းချိတ်ဆက်လာခဲ့ပါတယ်။ အခုနှစ် အစည်းအဝေးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုပါ အထူးဧည့်သည်တော် အနေနဲ့ ဟီရိုရှီးမားမြို့ဆီ ဖိတ်ကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။