Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးမှုများဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် ဗန်းမောက်၊အင်းတော်နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ဒေသခံ ပြည်သူများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

(ဗန်း​မောက်မြို့နယ်တွင် PDF များကိုစစ်ပညာသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-Banmauk Revolution)
(ဗန်း​မောက်မြို့နယ်တွင် PDF များကိုစစ်ပညာသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-Banmauk Revolution)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ရှိ ကြောင်လည်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့် ၅ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးသူ ၃၀ဦးထက်မနည်းရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတွင် မေလ ၂၀ရက်စ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

“ကြောင်လည်မှာ ၅ရက်ကြာ တိုက်ပွဲဖြစ်တဲ့ အနေအထားမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၃၀ဦးထက်မနည်း ကျဆုံးတယ်ပေါ့။ ကြောင်လည်မှာတော့ တိုက်ပွဲပြင်းထန်တယ်။ လေယာဉ်တွေလည်း ဗုံးလာကြဲတယ်။ ဆက်သွယ်ရေးတွေလည်း ဖြတ်တောက်ထားတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့တွင် ဗန်းမောက်နယ်၌ တိုက်ပွဲငြိမ်နေသော်လည်းဗန်းမောက် -အင်းတော် လမ်းတစ်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ကြားရကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“အင်းတော်နယ်မှာ ဒီနေ့တိုက်ပွဲဖြစ်တယ်။ မကြာသေးခင်က လေယာဉ်နဲ့ဗုံးကြဲသွားတယ်။ ဗန်းမောက်ကို စစ်ကူလာတဲ့ စစ်ကြောင်းလို့ ယူဆရပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ဗန်းမောက်၊အင်းတော်နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ဒေသခံ ပြည်သူများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။