Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နှင့် ကသာအစပ်ရှိ ရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်လာ၍ ဒေသခံများ စစ်ရေးသတိရှိရန်နှင့် ‌ဘေးလွတ်ရာကြိုတင်တိမ်းရှောင်နေကြ သတိပေး

စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်နှင့် ကသာနယ်တွင် နှစ်လခန့်ကြာ ငြိမ်သက်နေရာမှ ယခုရက်ပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာခြင်းဟု တော်လှန်ရေးးအင်အားစုများက ပြောသည်။

(ပြီးခဲ့သည့်နှစ်က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၌ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းနေစဉ်။ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့်နှစ်က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၌ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းနေစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ထီးချိုင့်နှင့် ကသာမြို့နယ်အစပ် ကျေးရွာများကို စစ်ကောင်စီက အင်အား ၂၀၀ ကျော်ပါသော စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက် လာ၍ ဒေသခံများအနေဖြင့် စစ်ရေးသတိရှိရန်နှင့် ‌ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

“စစ်တပ် စစ်ကြောင်းပြန်ဝင်လာပြီ။ ရွာ‌တွေကို စစ်ကြောင်းထိုးနေတယ်။ ပြည်သူတွေ သတိရှိကြဖို့ စစ်ဒေသ(ကသာခရိုင် တပ်ရင်း၁)ကနေ သတိပေးထားတယ်”ဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ယနေ့(မေလ ၃၀ရက်) ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ထီးချိုင့်နှင့် ကသာနယ်တွင် နှစ်လခန့်ကြာ ငြိမ်သက်နေရာမှ ယခုရက်ပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာခြင်းဟု တော်လှန်ရေးးအင်အားစုများက ပြောသည်။

“ထီးချိုင့်၊ မြတောင်ဘက်ကနေ အေးရွာကိုဝင်လာတဲ့ စစ်ကြောင်းမှာ အင်အား ၁၂၀လောက်ပါတယ်။ ထီးချိုင့်မြို့နယ်ကနေ ဧရာဝတီမြစ်ဘေးအတိုင်း ဝင်လာတာက စစ်ကြောင်းနှစ်ကြောင်း။ တစ်ကြောင်းမှာ အင်အား ၆၀ လောက်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းတွင် အင်အားအများအပြားပါလာ၍ ထီးချိုင့်နှင့် ကသာနယ်စပ်ကျေးရွာများမှ ဒေသခံများ စစ်ရေးသတိရှိရန်နှင့် ‌ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် တပ်ရင်း (၁)က မေလ ၂၉ရက်တွင် သတိပေးထားကြောင်း ဒေသခံများက ပြောသည်။

ထီးချိုင့်နှင့် ကသာနယ်စပ်ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လအတွင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်မှ ဆင်းလာသော ကျောက်စိမ်းများသယ်ဆောင်လာ‌သည့် စစ်ကောင်စီယာဉ်တန်းကို ကသာ – ထီးချိုင့်လမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကာလကတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ်ထဲမှ ကျောက်မှော်ကျေးရွာကို တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်