Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် PDFများဂိတ်စခန်းဖွင့်တားဆီးစစ်ဆေးခြင်း၊ ငွေကောက်ခံခြင်းများမပြုလုပ်ရန်ခရိုင်တပ်ရင်း (၂၇) သတိပေး

NUG၏ အမိန့် ညွန်ကြားချက်အရယင်းမာပင်ခရိုင်တပ်ရင်း၂၇ တပ်ရင်း၏ လက်အောက်ရှိ တပ်ခွဲများအားလုံးအနေဖြင့် တပ်ရင်း၏ အမိန့် ညွှန်ကြားချက်မရှိဘဲ ဂိတ်စခန်းဖွင့်လှစ်ခြင်းများ၊ ငွေကြေးကောက်ခံခြင်းများနှင့် ခရီးသွားပြည်သူများအနှောင့်အယှက် ဖြစ်စေမည့် တားဆီးစစ်ဆေးခြင်းများ မပြုလုပ်ကြရန် ယင်းမာပင်ခရိုင် တပ်ရင်း ၂၇က မေလ ၂၆ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

(စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် PDFအဖွဲ့များ ဂိတ်စခန်းဖွင့်ကာ တားဆီးစစ်ဆေးခြင်း၊ ငွေကောက်ခြင်းများ လုံးဝမပြုလုပ်ရန် ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ကသတိပေးကြေညာသည်။

NUG၏ အမိန့် ညွန်ကြားချက်အရယင်းမာပင်ခရိုင်တပ်ရင်း၂၇ တပ်ရင်း၏ လက်အောက်ရှိ တပ်ခွဲများအားလုံးအနေဖြင့် တပ်ရင်း၏ အမိန့် ညွှန်ကြားချက်မရှိဘဲ ဂိတ်စခန်းဖွင့်လှစ်ခြင်းများ၊ ငွေကြေးကောက်ခံခြင်းများနှင့် ခရီးသွားပြည်သူများအနှောင့်အယှက် ဖြစ်စေမည့် တားဆီးစစ်ဆေးခြင်းများ မပြုလုပ်ကြရန် ယင်းမာပင်ခရိုင် တပ်ရင်း ၂၇က မေလ ၂၆ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထိုအမိန့်ညွှန်ကြားချက်အား ရဲဘော်များအားလုံး နားလည်စေရန် တပ်ခွဲမှူးများကတဆင့် ရှင်းလင်းပေးရမည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၇က ဆိုသည်။

“MOD ရဲ့ အမိန့်ညွှန်ကြားချက်အရ တပ်ရင်းကနေ တပ်ခွဲတွေဆီ ညွန်ကြားချက်ပေးရုံပါပဲ။ ဂိတ်ဖွင့်လှစ်ထားခြင်း မရှိပါဘူး။ တပ်ခွဲမှူးတွေကို ဂိတ်ဖွင့်ခွင့်မရှိဘူးဆိုတာ တပ်ရင်းကနေ စည်းဝေးခေါ် ညွှန်ကြားထားပြီးသားပါ။ ထုတ်ပြန်ရတာက ပြည်သူသိရှိအောင်နဲ့ တိုင်ကြားစရာရှိပါက တိုင်ကြားလို့ ရအောင်ပါ”ဟုယင်းမာပင်ခရိုင်တပ်ရင်း( ၂၇ )အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တပ်ရင်း၏ အမိန့်ညွှန်ကြားချက်မရှိဘဲ ယင်းမာပင်ခရိုင်တပ်ရင်း(၂၇) လက်အောက်ရှိ တပ်ခွဲများ စည်းကမ်းဖောက်ဖျက်သည်များ တွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။