Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် PDFများဂိတ်စခန်းဖွင့်တားဆီးစစ်ဆေးခြင်း၊ ငွေကောက်ခံခြင်းများမပြုလုပ်ရန်ခရိုင်တပ်ရင်း (၂၇) သတိပေး

NUG၏ အမိန့် ညွန်ကြားချက်အရယင်းမာပင်ခရိုင်တပ်ရင်း၂၇ တပ်ရင်း၏ လက်အောက်ရှိ တပ်ခွဲများအားလုံးအနေဖြင့် တပ်ရင်း၏ အမိန့် ညွှန်ကြားချက်မရှိဘဲ ဂိတ်စခန်းဖွင့်လှစ်ခြင်းများ၊ ငွေကြေးကောက်ခံခြင်းများနှင့် ခရီးသွားပြည်သူများအနှောင့်အယှက် ဖြစ်စေမည့် တားဆီးစစ်ဆေးခြင်းများ မပြုလုပ်ကြရန် ယင်းမာပင်ခရိုင် တပ်ရင်း ၂၇က မေလ ၂၆ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

(စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် PDFအဖွဲ့များ ဂိတ်စခန်းဖွင့်ကာ တားဆီးစစ်ဆေးခြင်း၊ ငွေကောက်ခြင်းများ လုံးဝမပြုလုပ်ရန် ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ကသတိပေးကြေညာသည်။

NUG၏ အမိန့် ညွန်ကြားချက်အရယင်းမာပင်ခရိုင်တပ်ရင်း၂၇ တပ်ရင်း၏ လက်အောက်ရှိ တပ်ခွဲများအားလုံးအနေဖြင့် တပ်ရင်း၏ အမိန့် ညွှန်ကြားချက်မရှိဘဲ ဂိတ်စခန်းဖွင့်လှစ်ခြင်းများ၊ ငွေကြေးကောက်ခံခြင်းများနှင့် ခရီးသွားပြည်သူများအနှောင့်အယှက် ဖြစ်စေမည့် တားဆီးစစ်ဆေးခြင်းများ မပြုလုပ်ကြရန် ယင်းမာပင်ခရိုင် တပ်ရင်း ၂၇က မေလ ၂၆ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထိုအမိန့်ညွှန်ကြားချက်အား ရဲဘော်များအားလုံး နားလည်စေရန် တပ်ခွဲမှူးများကတဆင့် ရှင်းလင်းပေးရမည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၇က ဆိုသည်။

“MOD ရဲ့ အမိန့်ညွှန်ကြားချက်အရ တပ်ရင်းကနေ တပ်ခွဲတွေဆီ ညွန်ကြားချက်ပေးရုံပါပဲ။ ဂိတ်ဖွင့်လှစ်ထားခြင်း မရှိပါဘူး။ တပ်ခွဲမှူးတွေကို ဂိတ်ဖွင့်ခွင့်မရှိဘူးဆိုတာ တပ်ရင်းကနေ စည်းဝေးခေါ် ညွှန်ကြားထားပြီးသားပါ။ ထုတ်ပြန်ရတာက ပြည်သူသိရှိအောင်နဲ့ တိုင်ကြားစရာရှိပါက တိုင်ကြားလို့ ရအောင်ပါ”ဟုယင်းမာပင်ခရိုင်တပ်ရင်း( ၂၇ )အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တပ်ရင်း၏ အမိန့်ညွှန်ကြားချက်မရှိဘဲ ယင်းမာပင်ခရိုင်တပ်ရင်း(၂၇) လက်အောက်ရှိ တပ်ခွဲများ စည်းကမ်းဖောက်ဖျက်သည်များ တွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။