Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်သို့ဖြတ်စဥ်အပြန်

မေ ၂၉ ရက်နေ့ည ၈ နာရီခွဲခန့်ကသရက်ခရိုင်တပ် ရင်း(၄)မှ ရဲဘော်အချို့လိုက်ပါလာသော ဖောကားတစ်စီးသည် ဒီးဒုတ်ကန်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်သို့ဖြတ်စဥ်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီ ဝါဒဖြန့်လူမှုကွန်ယက်တွင် PDF များထံမှစစ်​ကောင်စီတပ်ကသိမ်းဆည်းရရှိသည်ဆို​သော လက်နက်များ။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ ဝါဒဖြန့်လူမှုကွန်ယက်တွင် PDF များထံမှစစ်​ကောင်စီတပ်ကသိမ်းဆည်းရရှိသည်ဆို​သော လက်နက်များ။ ဓါတ်ပုံ-စစ်​ကောင်စီ)

အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး သရက်ခရိုင်တပ်ရင်း(၄)မှ ရဲဘော်အချို့ ကျဆုံး

မကွေးတိုင်း မင်းလှမြို့နယ် ဒီးဒုတ်ကန်ရွာအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲဘော်အချို့ကျဆုံးခဲ့ရကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

မေ ၂၉ ရက်နေ့ည ၈ နာရီခွဲခန့်ကသရက်ခရိုင်တပ် ရင်း(၄)မှ ရဲဘော်အချို့လိုက်ပါလာသော ဖောကားတစ်စီးသည် ဒီးဒုတ်ကန်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်သို့ဖြတ်စဥ်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဖြစ်စဥ်ကမှန်တယ်။ သရက်-ကံမ-မင်းတုန်းတပ်ဖွဲ့ ကျနော်တို့ သရက်ခရိုင်တပ်ရင်း(၄)က ရဲဘော်တွေဖြစ်ပါတယ်”ဟု အပြန်အလှန်ပစ်ခတ်မှုတွင် တော် လှန်ရေးရဲဘော်အချို့ ကျဆုံးခဲ့သည့်အပေါ် တပ်ရင်း (၄)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ အတည်ပြုသည်။

Public Service Announcement
Public Service Announcement

အထက်ပါ ဒီးဒုတ်ကန်စစ်ဆေးရေးဂိတ်၌ အပြန်အ လှန်ပစ်ခတ်မှုဖြစ်သည်ကို စစ်ကောင်စီကဖော်ပြရာတွင် ပစ်ခတ်မှုအတွင် PDF (၈)ဦးကို အသေဖမ်းမိပြီး လက်နက် (၇)လက်သိမ်းဆည်းရရှိသည်ဟုဆိုသည်။ သို့​သော် PDF တပ်ဖွဲ့ဝင်ကျဆုံးမှုအ​ရေအတွက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

အလားတူ ပစ်ခတ်မှုတွင်စစ်​ကောင်စီဘက်က ထိခိုက်မှုရှိ၊မရှိကိုလည်း မသိရ​သေး​ပေ။

၂၀၂၂ ခုနှစ်ဇွန်လအတွင်းကလည်း ပွင့်ဖြူမြို့နယ်မဲဇလီတံတားတွင် သရက်-ကံမ-မင်းတုန်းတပ်ဖွဲ့(သရက်ခရိုင် တပ်ရင်း -၄)တပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ဖောကားတစ်စီး စစ်ကောင်စီတပ်၏ချုံခိုတိုက်ခိုက်ခြင်းခံရပြီး ရဲဘော် ၁၂ ဦးခန့်ကျဆုံးကာ တပ်ဖွဲ့ဝင်အချို့လွတ်​မြောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။