Connect with us

Hi, what are you looking for?

သတင်း

မြိတ်-​ကော့​သောင်းပြည်​ထောင်စုလမ်းမကြီး​ဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်​ကောင်စီတပ်ကရွာမှနှင်ထုတ်

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီစစ်ကြောင်းများမကြာခဏတိုက်ခိုက်ခံနေရသောကြောင့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟုတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံကပြောသည်။

မြိတ်-​ကော့​သောင်ပြည်​ထောင်စုလမ်းမကြီး​ဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်​ကောင်စီတပ်ကရွာမှနှင်ထုတ်
မြိတ်-​ကော့​သောင်ပြည်​ထောင်စုလမ်းမကြီး​ဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်​ကောင်စီတပ်ကရွာမှနှင်ထုတ်

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးဘေး ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ရွာမှ နှင်ထုတ်လိုက်၍ ဒေသခံအားလုံး နေရပ်စွန့်ခွာထွက်ပြေး‌နေကြရကြောင်း ​ဒေသခံများက​ပြောသည်။

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေးရှိညောင်ပင်ကုန်း၊ဂျမ်းဖို၊ ဗန်းလမော့ရွာမှ ဒေသခံပြည်သူများကိုရွာမှထွက်ခွာသွားရန် စစ်ကောင်စီတပ်ကဇွန်လ ၁၂ရက်တွင် အကြောင်းကြားခြင်းဟု ဒေသခံများကပြောသည်။

“ရွာကိုဝင်စီးတယ်။ထွက်သွားဖို့ပြောတယ်။မဖြစ်သာလို့ထွက်ခဲ့ရတယ်။ တော်တော်လေး ခက်ခဲတဲ့အ‌ခြေအနေပါ”ဟုညောင်ပင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီစစ်ကြောင်းများမကြာခဏတိုက်ခိုက်ခံနေရသောကြောင့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟုတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဆင်​ရေးတာဝန်ခံက “သူတို့က ဒီလမ်းကို အရင်တုန်းက ပေါ့ပေါ့ပါးပါးဖြတ်ကြရတယ်။ အခုဆို အဲ့လို မလာရဲတော့ ရွာတွေက PDF သတင်းပေးတွေဆိုပြီး ဒေသခံတွေကို ပစ်မှတ်ထားနေတာ။ ဒေသခံတွေကို နှင်ထုတ်နေတာပါ”ဟု ပြောသည်။

စစ်ဘေးရှောင်များသည်နေရေး၊စားရေးအခက်အခဲနှင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေကြရပြီး ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များကပြောသည်။

ယခုအခါ စစ်အာဏာရှင်အားခုခံတော်လှန်စစ်မှထိုးစစ်သို့အရှိန်မြှင့်နေပြီဖြစ်၍ ဒေသခံပြည်သူများသတိရှိကြရန်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက သတိပေးသည်။

စစ်ရေးတင်းမာ‌နေစဉ် ဇွန်လ ၁၂ရက်ညက တနင်္သာရီမြို့ ၊ သိန္ဓောကျေးရွာ အနီးတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရရပြီး တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်းPDF အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။