Connect with us

Hi, what are you looking for?

သတင်း

မြိတ်-​ကော့​သောင်းပြည်​ထောင်စုလမ်းမကြီး​ဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်​ကောင်စီတပ်ကရွာမှနှင်ထုတ်

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီစစ်ကြောင်းများမကြာခဏတိုက်ခိုက်ခံနေရသောကြောင့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟုတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံကပြောသည်။

မြိတ်-​ကော့​သောင်ပြည်​ထောင်စုလမ်းမကြီး​ဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်​ကောင်စီတပ်ကရွာမှနှင်ထုတ်
မြိတ်-​ကော့​သောင်ပြည်​ထောင်စုလမ်းမကြီး​ဘေး ရွာသုံးရွာမှ ပြည်သူများကို စစ်​ကောင်စီတပ်ကရွာမှနှင်ထုတ်

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးဘေး ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ရွာမှ နှင်ထုတ်လိုက်၍ ဒေသခံအားလုံး နေရပ်စွန့်ခွာထွက်ပြေး‌နေကြရကြောင်း ​ဒေသခံများက​ပြောသည်။

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေးရှိညောင်ပင်ကုန်း၊ဂျမ်းဖို၊ ဗန်းလမော့ရွာမှ ဒေသခံပြည်သူများကိုရွာမှထွက်ခွာသွားရန် စစ်ကောင်စီတပ်ကဇွန်လ ၁၂ရက်တွင် အကြောင်းကြားခြင်းဟု ဒေသခံများကပြောသည်။

“ရွာကိုဝင်စီးတယ်။ထွက်သွားဖို့ပြောတယ်။မဖြစ်သာလို့ထွက်ခဲ့ရတယ်။ တော်တော်လေး ခက်ခဲတဲ့အ‌ခြေအနေပါ”ဟုညောင်ပင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။

မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီစစ်ကြောင်းများမကြာခဏတိုက်ခိုက်ခံနေရသောကြောင့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟုတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဆင်​ရေးတာဝန်ခံက “သူတို့က ဒီလမ်းကို အရင်တုန်းက ပေါ့ပေါ့ပါးပါးဖြတ်ကြရတယ်။ အခုဆို အဲ့လို မလာရဲတော့ ရွာတွေက PDF သတင်းပေးတွေဆိုပြီး ဒေသခံတွေကို ပစ်မှတ်ထားနေတာ။ ဒေသခံတွေကို နှင်ထုတ်နေတာပါ”ဟု ပြောသည်။

စစ်ဘေးရှောင်များသည်နေရေး၊စားရေးအခက်အခဲနှင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေကြရပြီး ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များကပြောသည်။

ယခုအခါ စစ်အာဏာရှင်အားခုခံတော်လှန်စစ်မှထိုးစစ်သို့အရှိန်မြှင့်နေပြီဖြစ်၍ ဒေသခံပြည်သူများသတိရှိကြရန်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက သတိပေးသည်။

စစ်ရေးတင်းမာ‌နေစဉ် ဇွန်လ ၁၂ရက်ညက တနင်္သာရီမြို့ ၊ သိန္ဓောကျေးရွာ အနီးတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရရပြီး တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်းPDF အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။