Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ရှိ နှစ်ကရင်ရွာရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ် တိုက်ခိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်အထိအခိုက်မရှိခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊တောင်ပိုင်းတိုင်း(J.O.C) က သတင်းထုတ်ပြန်ထားသည်။

(နှစ်ကရင်ရွာရဲစခန်းအား မြေပုံမှတဆင့်မြင်တွေ့ရစဉ်)
(နှစ်ကရင်ရွာရဲစခန်းအား မြေပုံမှတဆင့်မြင်တွေ့ရစဉ်)

▪️စစ်ကောင်စီက လေကြောင်းမှ ပြန်လည်တိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နှစ်ကရင်ရွာရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့(ဇွန်လ ၂၅ရက်) နေ့လယ်တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ အထိနာသွားသည့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် (၃)၊ တောင်ပိုင်းတိုင်း (J.O.C) က သတင်းထုတ်ပြန်သည်။

ရေးမြို့နယ် ပင်လယ်ကမ်းစပ်အနီးရှိ နှစ်ကရင်ရွာ ရဲစခန်းကို KNLA တပ်ရင်း (၂၇) နှင့်PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်တွင်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“နှစ်ကရင်ရဲစခန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံရဲတွေ စခန်းထိုင်ခြင်းမရှိတာ ကြာပြီဖြစ်ပေမယ့် လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ လှုပ်ရှားစစ်ကြောင်းက စစ်သားတွေရောက်ရှိစခန်းချနေတာဖြစ်လို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်”ဟု ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊တောင်ပိုင်းတိုင်း(J.O.C)က ထုတ်ပြန်သည်။

တိုက်ပွဲသည် (၂)နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များက အနီးကပ်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်အထိအခိုက်မရှိခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊တောင်ပိုင်းတိုင်း(J.O.C) က သတင်းထုတ်ပြန်ထားသည်။

“စခန်းက ရန်သူ့လှုပ်ရှားစစ်ကြောင်း ခဏနားနေတဲ့နေရာပါ။ သတင်းရလို့ ရန်သူတွေကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့ဘက်က အထိအခိုက်တော့ များနိုင်ပါတယ်။ စခန်းတွင်း အနီးကပ်ခြေမှုန်းဖို့ လုပ်နေချိန်မှာပဲ Mi-35 ရဟတ်ယာဉ်ရောက်လာပြီး အနီးနားပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်တာ၊ ပွိုင့် ၅ နဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု မြေပြင်တပ်မှူးတစ်ဦးက သတင်းပေးပို့မှုကို ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊တောင်ပိုင်းတိုင်း(J.O.C) ကဖော်ပြထားသည်။

မော်လမြိုင်ခရိုင်၊ ရေးနှင့် သံဖြူဇရပ်ဒေသကို ထိုးဖောက်စိုးမိုးဒေသအဖြစ် ရည်မှန်းချက်ထား ဆောင်ရွက်နေပြီး KNLA တပ်ရင်း (၂၇) နှင့် PDF ပူးပေါင်းစစ်ကြောင်းများက မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မတစ်လျှောက် နယ်မြေစိုးမိုးရေးရယူပြီး နေ့စဉ်စစ်ဆေးဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။