Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ်

ကန့်သတ်ခံရတဲ့ လမ်းမကြီးတွေဟာ ရန်ကုန် − မန္တလေးအမြန်လမ်း ၊ ရန်ကုန် − မန္တလေး လမ်းဟောင်း ၊ ရန်ကုန် − ဘားအံလမ်း ၊ ရန်ကုန် − မုတ္တမ နဲ့ ပဲခူး − စစ်တောင်းလမ်းပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။

အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ်
အမြန်လမ်းအပါအဝင်လမ်းပိုင်း ၅ ခုကိုညအချိန်ဖြတ်သန်းမသွားလာဖို့ PDF ကန့်သတ်

တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြှင့်ဖို့အတွက် ရန်ကုန် − မန္တလေး အမြန်လမ်းအပါအဝင် မဟာဗျုဟာလမ်းမကြီး ၅ ခုကို ညပိုင်းအချိန်ဖြတ်သန်းသွားလာခွင့်ကန့်သတ်လိုက်တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ရဲ့ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ကန့်သတ်ခံရတဲ့ လမ်းမကြီးတွေဟာ ရန်ကုန် − မန္တလေးအမြန်လမ်း ၊ ရန်ကုန် − မန္တလေး လမ်းဟောင်း ၊ ရန်ကုန် − ဘားအံလမ်း ၊ ရန်ကုန် − မုတ္တမ နဲ့ ပဲခူး − စစ်တောင်းလမ်းပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။

အဲဒီလမ်းမကြီးတွေမှာ ည ၆ နာရီကနေ မနက် ၆ နာရီ အထိ ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ အသိပေးတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

နေ့အချိန် သွားလာရာမှာလည်း မော်တော်ယာဉ်တွေအနေနဲ့ မှန်ချပြီးမောင်းနှင်ကြဖို့နဲ့ တာဝန်အရ စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို ဆက်သွယ်ထားတဲ့ အမှတ် ၈ လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာတဲ့ယာဉ်တွေကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ဆေးနေတာတွေရှိပါတယ်။

ဒီလို စစ်ဆေးရတာဟာ အရပ်ဘက်ကားတွေကို သုံးပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တာ ၊ လက်နက်ခဲယမ်းသယ်တာတွေအပြင် နယ်မြေစိုးမိုးအတွက်ဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ