Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေး နိုင်ငံအတွင်းရှိ လူမျိုးစု လက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းပါဝင်ရန် NUG ကာကွယ်ရေးတိုက်တွန်းပန်ကြား

ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးကလည်း ကလလတကဲ့သို့ ကရင်လက်နက်ကိုင်အဖွဲ့များလည်း တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

(ကလလတ- KNPLFတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)
(ကလလတ- KNPLFတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)

▪️ကရင်နီတပ် ကလလတ၏ စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်မှု ကြိုဆိုကြောင်း ဖော်ပြပြီးလက်တွဲ ဆောင်ရွက်မည်ဟု အသိပေး

စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် မြန်မာနိုင်ငံရှိ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းပန်ကြားလိုက်သည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ဇူလိုင် ၁ရက်က ကြေညာချက်ထုတ်ပြန်ပြီး အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း တရားဝင် အသိပေးလာမှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှဲစွာ ကြိုဆိုကြောင်းထုတ်ပြန်ရာ အထက်ပါအတိုင်း တိုက်တွန်းပန်ကြားလိုက်ခြင်းဖြစ်သည်။

ကလလတ ဗဟိုကော်မတီ၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်လိုက်သည့် ယခု ကြေညာချက်သည် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် အရေးပါသည့် ဖြစ်ထွန်းတိုးတက်မှုတခုကို သမိုင်း၏တောင်းဆိုချက်အရ ဖော်ဆောင်ခြင်း ဖြစ်သည်ဟုလည်း လေးနက်စွာခံယူကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကရင်နီပြည်(ကယားပြည်နယ်)အတွင်း သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ရေးအချက်အခြာ နေရာများကို ကလလတနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူကြောင်းလည်း ဖော်ပြခဲ့ပြီး စစ်အာဏာရှင် စနစ်အမြစ်ဖြတ် ချေမှုန်းရေးအတွက် ကလလတ အပါအဝင် မဟာမိတ်အဖွဲ့အစည်းများ အားလုံးနှင့် ဆက်လက်၍ အခိုင်အမာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းများကို ပူးတွဲလုပ်ဆောင် သွားရန် အဆင်သင့်ဖြစ်နေကြောင်း ကလလတ၏ ကြေညာချက်ပါ သဘောထားကြောင့် အထူးပင် အားတက်ရကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ကလလတ၏ စစ်ကောင်စီကို တိုက်ခိုက်ကြောင်း တရားဝင်ကြေညာမှုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးယခု မတိုင်မီ ဒေသခံတော်လှန်ရေးတပ်များအား လက်နက်ခဲယမ်းအပါအဝင် စစ်ရေးဆိုင်ရာ အကူအညီများ ပေးအပ်မှုကို အသိအမှတ်ပြု ဖော်ပြခဲ့သည်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)၏ ယမန်နေ့ထုတ်ပြန်ချက်တွင်စစ်တပ်အာဏာသိမ်း ပြီးချိန်မှစ၍ ကလလတထိန်းချုပ်နယ်မြေဖြစ်သည့်ဒီးမော့ဆို အနောက်ဖက်ခြမ်းနှင့် မယ်စဲ့မြို့နယ်ချို့နေရာတွင် အခြေခံ စစ်သင်တန်း ၊ အခြေခံ ဆေးသင်တန်းများဦးစီး၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်ကို ဒီးမော့ဆို PDF နှင့် အတူ အခြားနွေဦးလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ရရှိခဲ့မှုအပေါ် လေးစား အသိအမှတ်ပြုသည်ဟု ဖော်ပြသည်။

ထို့ပြင် ကလလတထံမှ လက်နက်ခဲယမ်းအပြင် အခြားသော ကူညီထောက်ပံ့မှုများစွာ ရရှိခဲ့ကြောင်းလည်း ဖော်ပြ အသိအမှတ်ပြုခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကလည်း ကလလတ၏ တော်လှန်ရေးသမိုင်းစာမျက်နှာသစ်အား ကြိုဆိုဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်သင်တန်းပေးခြင်း၊ထိန်းချုပ်နယ်မြေအတွင်းနေထိုင်စေခြင်း၊ ပြည်သူလူထုသပိတ်တိုက်ပွဲများ တွင် နည်းပေါင်းစုံဖြင့် ပြည်သူလူထုဘက်မှ ရပ်တည် အကာအကွယ်ပေးခြင်း စသည့် ကလလတ၏ ကူညီပေးခဲ့မှုများကိုအသိအမှတ်ပြုဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးကလည်း ကလလတကဲ့သို့ ကရင်လက်နက်ကိုင်အဖွဲ့များလည်း တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။