Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်ရှိ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ပစ်ခတ်ရာ စစ်ကောင်စီတပ် နှစ်ဦးသေ

ဇူလိုင် ၃ရက် နံနက်ပိုင်းတွင် သိမ်ဇရပ် စက္ကူစက်ရုံအနောက်နားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Image)
(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Image)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNLA နယ်မြေခံတပ်မှူးက ပြောသည်။

ဇူလိုင် ၃ရက် နံနက်ပိုင်းတွင် သိမ်ဇရပ် စက္ကူစက်ရုံအနောက်နားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ပျူစောထီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်မှူးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

သိမ်ဇရပ်အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေများအတွင်းရှိ စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၈ရက်မှ ဇူလိုင် ၂ရက်အတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၅၀ဦးခန့်ရှိသည်ဟု KNLA သတင်းရင်းမြစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့က အသိပေးထားသည်။

စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရန် တံတားကို မိုင်းခွဲဖျက်ဆီးခြင်း၊ တံတားလာစစ်သည်စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်များကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook