Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ် လေပိုင်နက်နားကို တရုတ် စစ်လေယာဉ် ၄၀ နီးပါး ချဉ်းကပ်ပျံသန်း

တရုတ် စစ်လေယာဉ်တွေဟာ နှစ်သုတ်ခွဲပြီး ထိုင်ဝမ်ကျွန်းနားကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဖက်ကလည်း တိုက်လေယာဉ်တွေကို အဆောတလျင် ပျံတက်စေခဲ့သလို လေကြောင်း ကာကွယ်ရေး စနစ်တွေကို အသင့်ပြင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။

တရုတ် စစ်လေယာဉ် အစီး ၄၀ နီးပါးလောက်ထိ ထိုင်ဝမ် လေပိုင်နက်နား ချဉ်းကပ် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက် တစ်နေ့တည်းမှာတင် ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ စုစုပေါင်း တရုတ် စစ်လေယာဉ် ၃၈ စီးထိ ချဉ်းကပ် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်လေတပ်က ထိုင်ဝမ် လေပိုင်နက်နား ချဉ်းကပ်ပြီး အင်အားပြဖူးသမျှထဲမှာ အရေအတွက် အများဆုံး ပမာဏလည်း ဖြစ်လာပါတယ်။

တရုတ် စစ်လေယာဉ်တွေဟာ နှစ်သုတ်ခွဲပြီး ထိုင်ဝမ်ကျွန်းနားကို ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဖက်ကလည်း တိုက်လေယာဉ်တွေကို အဆောတလျင် ပျံတက်စေခဲ့သလို လေကြောင်း ကာကွယ်ရေး စနစ်တွေကို အသင့်ပြင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။

တရုတ်ဟာ ဒီမိုကရေစီ ပီပြင်ထွန်းကားတဲ့ ထိုင်ဝမ်ကျွန်းကို လက်အောက်ခံ နယ်မြေအဖြစ် သတ်မှတ်လိုပေမယ့် ထိုင်ဝမ်ကတော့ ကိုယ်ပိုင် သီးခြားလွတ်လပ်တဲ့ နိုင်ငံ အနေနဲ့သာ ရပ်တည်လိုတာကြောင့် နှစ်ဖက် တင်းမာမှုတွေ အစဉ်အဆက် ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ် လေတပ်နဲ့ ရေတပ်ဟာ ထိုင်ဝမ်ရဲ့ ရေပိုင်နက် အပြင်နားထိ ချဉ်းကပ်ပြီး ကင်းလှည့် ခုတ်မောင်းတာတွေ၊ ပျံသန်းတာတွေကို ပိုမို တိုးမြှင့် လုပ်ဆောင်လာပါတယ်။ တရုတ်အနေနဲ့ စစ်အင်အားကို ချဲ့ထွင်ပြီး ထိုင်ဝမ်အပေါ် ရန်လိုမှုတွေ ပိုမို ပြသလာနေတယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ် ဆူကျန်ချန်းက ပြောပါတယ်။

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်မှု ၇၂ နှစ်ပြည့် အခမ်းအနား ကျင်းပနေတဲ့ တရုတ်အစိုးရကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အရင်က ထိုင်ဝမ်နားကို ရေတပ်၊ လေတပ်တွေ စေလွှတ်တဲ့ အခါတိုင်း တရုတ်က အချုပ်အခြာ ပိုင်နက် လုံခြုံရေးအတွက် ကင်းလှည့်တာလို့ ပြောလေ့ ရှိပါတယ်။

အောက်တိုဘာ ၁ ရက်ကတော့ တရုတ် လေတပ်ရဲ့ လေယာဉ် ၂၅ စီးဟာ ထိုင်ဝမ် အနောက်တောင်ပိုင်း လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ပါရာတက်စ် ကျွန်းတန်းနားကို ရောက်ရှိလာပြီး ညနေပိုင်းမှာ နောက်ထပ် လေယာဉ် ၁၃ စီးက အဲဒီ ဧရိယာနားမှာပဲ လှည့်ပတ် ပျံသန်းနေခဲ့တယ်လို့ သိရပါတယ်။

ထိုင်ဝမ် စစ်ဘက် အရာရှိတွေက တရုတ်ရဲ့ လေယာဉ်တွေထဲမှာ နျူကလီးယား လက်နက်တွေ တင်ဆောင် တိုက်ပွဲဝင်နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ် အနေနဲ့ ဘယ်လို အကြောင်းမျိုးကြောင့် အခုလိုမျိုး လေတပ်အင်အား အလုံးအရင်း စေလွှတ်ပြီး ထိုင်ဝမ်ကို ဖိအားပေးခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။