Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်း ဒုက္ခသည် စခန်းကို စီးနင်းခဲ့တဲ့ အစ္စရေးတပ်တွေ ပြန်လည် ရုပ်သိမ်း

အစ္စရေးဟာ ပါလက်စတိုင်း အကြမ်းဖက် လက်နက်ကိုင် အင်အားစုတွေဟာ ဂျီနင် ဒုက္ခသည် စခန်းကို ခိုလှုံစရာ နေရာတစ်ခုအဖြစ် အသုံးချပြီး အစ္စရေး ပြည်သူတွေကို ဒုက္ခပေးနေတဲ့အပေါ် လုံးဝ လက်မခံနိုင်တဲ့အတွက် လိုအပ်သလို တုံ့ပြန်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ပါလက်စတိုင်း ဒုက္ခသည် စခန်းကို စီးနင်းခဲ့တဲ့ အစ္စရေးတပ်တွေ ပြန်လည် ရုပ်သိမ်း
ပါလက်စတိုင်း ဒုက္ခသည် စခန်းကို စီးနင်းခဲ့တဲ့ အစ္စရေးတပ်တွေ ပြန်လည် ရုပ်သိမ်း

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသက ဒုက္ခသည် စခန်းတစ်ခုကို ပစ်မှတ်ထား စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ အစ္စရေးတပ်တွေ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

အစ္စရေး တပ်တွေဟာ ဂျီနင် ဒုက္ခသည် စခန်းကို ၂ ရက်ကြာ အကြီးစား စစ်ဆင်ရေး ဆင်နွှဲပြီး စခန်းထဲမှာ ခိုအောင်းနေတဲ့ ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းနဲ့ ကုန်းကြောင်းကနေ ဝန်းရံ စီးနင်းခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း စခန်းမှာရှိတဲ့ ပါလက်စတိုင်း ၁၂ ဦးနဲ့ အစ္စရေး စစ်သည် ၁ ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်း အကြမ်းဖက် လက်နက်ကိုင် အင်အားစုတွေဟာ ဂျီနင် ဒုက္ခသည် စခန်းကို ခိုလှုံစရာ နေရာတစ်ခုအဖြစ် အသုံးချပြီး အစ္စရေး ပြည်သူတွေကို ဒုက္ခပေးနေတဲ့အပေါ် လုံးဝ လက်မခံနိုင်တဲ့အတွက် လိုအပ်သလို တုံ့ပြန်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ပါလက်စတိုင်းတွေကတော့ ဒုက္ခသည် စခန်းကို အခုလို စီးနင်း တိုက်ခိုက်တာဟာ အစ္စရေးရဲ့ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်မှုလို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၄ ရက် ညပိုင်းမှာတော့ ဂျီနင်ကနေ အစ္စရေးတပ်တွေ စတင် ရုပ်သိမ်းနေတာကို ပါလက်စတိုင်း ဒေသခံတွေက အတည်ပြုခဲ့ပါတယ်။ အစ္စရေးရဲ့ ကာလတိုတောင်းတဲ့ စစ်ဆင်ရေးအတွင်းမှာ စခန်းနေ ဒုက္ခသည် ထောင်နဲ့ချီ အရေးပေါ် တိမ်းရှောင်ခဲ့ကြရပါတယ်။

တခြား ပါလက်စတိုင်း နယ်မြေ တခုဖြစ်တဲ့ ဂါဇာ ကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမားစ် စစ်သွေးကြွ အဖွဲ့က ဂျီနင်အတွက် လက်စားချေတဲ့ အနေနဲ့ အစ္စရေးတွေကို ပစ်မှတ်ထားပြီး ကားနဲ့ဝင်တိုက်၊ ဓားနဲ့ဝင်ထိုးတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ အနောက်ဖက် ကမ်းခြေဒေသမှာ အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်တဲ့ ပါလက်စတိုင်း အမျိုးသားကို အစ္စရေး အရပ်သား တစ်ဦးက ပစ်သတ်ခဲ့ပါတယ်။

အသက်အရွယ် ကြီးရင့်ပြီး ရှေးရိုးစွဲ အမြင်ရှိတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကို စိတ်ပျက်လာတဲ့ မျိုးဆက်သစ် စစ်သွေးကြွတွေအတွက် ဂျီနင်ဟာ အင်အားစုစည်းရာ အခြေစိုက် နယ်မြေတစ်ခုလို ဖြစ်လာပါတယ်။ ဂျီနင်မှာရှိတဲ့ ပါလက်စတိုင်း တချို့ဟာ အစ္စရေး နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့တာကြောင့် မနှစ်ကတည်းက အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက ဂျီနင်မှာ အသေးစား စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဂျီနင်မှာ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေ အများအပြား ခိုအောင်းနေတယ်လို့ အစ္စရေးက ဆိုပါတယ်။

အနောက်ဖက် ကမ်းခြေဒေသ မြောက်ပိုင်းက ဂျီနင်မြို့မှာ တည်ရှိတဲ့ ဒုက္ခသည် စခန်းဟာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်း စစ်ပွဲအပြီး နေရပ်စွန့်ခွာလာရတဲ့ ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီး ၁၉၅၃ ခုနှစ်မှာ စတင် ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။ စခန်းထဲမှာ ခိုလှုံနေသူ ဦးရေဟာ ၁၃၀၀၀ နဲ့ ၂၂၀၀၀ ကြားလောက်ထိ များပြားမယ်လို့လည်း ခန့်မှန်းရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချ နေထိုင်သူတွေက တရားမဝင် ဆောက်လုပ်ထားတဲ့ စခန်းတွေကို ဖယ်ရှားဖို့ အစ္စရေး ဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။