Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်ဖက် ကမ်းခြေဒေသက ဒုက္ခသည် စခန်းမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ တိုက်ပွဲပြင်းထန်နေ

အစ္စရေးက ဂျီနင်ဟာ အကြမ်းဖက်သမားတွေရဲ့ ခိုအောင်းရာ နေရာ ဖြစ်လာကြောင်း စွပ်စွဲပြီး ပါလက်စတိုင်းကတော့ အစ္စရေးဟာ ဒုက္ခသည်တွေ ရှိနေတဲ့ နေရာကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ တုံ့ပြန်ထားပါတယ်။

အနောက်ဖက် ကမ်းခြေဒေသက ဒုက္ခသည် စခန်းမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ တိုက်ပွဲပြင်းထန်နေ
အနောက်ဖက် ကမ်းခြေဒေသက ဒုက္ခသည် စခန်းမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ တိုက်ပွဲပြင်းထန်နေ

အနောက်ဖက် ကမ်းခြေဒေသမှာရှိတဲ့ ဒုက္ခသည် စခန်းတစ်ခုမှာ အစ္စရေး စစ်တပ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

အစ္စရေးက ထိန်းချုပ် ပိတ်ဆို့ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသထဲက ဂျီနင် ဒုက္ခသည် စခန်းကို ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့တချို့က ပုန်းခိုရာ နေရာအဖြစ် အသုံးချပြီး အဖျက်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အစ္စရေးက စွပ်စွဲပါတယ်။ ဒီလုပ်ရပ်ကို အစ္စရေး အနေနဲ့ ဘယ်လိုမှ လက်သင့်ခံနိုင်စွမ်း မရှိတာကြောင့် လိုအပ်တဲ့ တုံ့ပြန်မှုမျိုး လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုးစစ်စတင်လာခဲ့တာပါ။

ဇူလိုင် ၂ ရက် ညပိုင်းလောက်မှာ ဒုက္ခသည် စခန်းထဲက စစ်သွေးကြွတွေရဲ့ စစ်ဘက် အခြေစိုက် စခန်းတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ချက်ချင်းဆိုသလို အစ္စရေး စစ်သည်တွေဟာ သံချပ်ကာ ယာဉ်တွေနဲ့ ချီတက်လာကြပါတယ်။ အဲဒီစခန်းမှာ ဟားမားစ်၊ အစ္စလာမ်မစ် ဂျီဟတ်စတဲ့ ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့ဝင်တွေ ခိုအောင်းနေပြီး ကျူးကျော်လာတဲ့ အစ္စရေး တပ်တွေကို အစွမ်းကုန် တုံ့ပြန် ချေမှုန်းသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

တိုက်ပွဲတွေ စတင်ပြီး ၃၆ နာရီအတွင်း ဂျီနင် ဒုက္ခသည် စခန်းမှာ ပါလက်စတိုင်း ၉ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးက ဂျီနင်ဟာ အကြမ်းဖက်သမားတွေရဲ့ ခိုအောင်းရာ နေရာ ဖြစ်လာကြောင်း စွပ်စွဲပြီး ပါလက်စတိုင်းကတော့ အစ္စရေးဟာ ဒုက္ခသည်တွေ ရှိနေတဲ့ နေရာကို တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ တုံ့ပြန်ထားပါတယ်။

အသက်အရွယ် ကြီးရင့်ပြီး ရှေးရိုးစွဲ အမြင်ရှိတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကို စိတ်ပျက်လာတဲ့ မျိုးဆက်သစ် စစ်သွေးကြွတွေအတွက် ဂျီနင်ဟာ အင်အားစုစည်းရာ အခြေစိုက် နယ်မြေတစ်ခုလို ဖြစ်လာပါတယ်။ ဂျီနင်မှာရှိတဲ့ ပါလက်စတိုင်း တချို့ဟာ အစ္စရေး နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်ခဲ့တာကြောင့် မနှစ်ကတည်းက အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက ဂျီနင်မှာ အသေးစား စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဂျီနင်မှာ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေ အများအပြား ခိုအောင်းနေတယ်လို့ အစ္စရေးက ဆိုပါတယ်။

အနောက်ဖက် ကမ်းခြေဒေသ မြောက်ပိုင်းက ဂျီနင်မြို့မှာ တည်ရှိတဲ့ ဒုက္ခသည် စခန်းဟာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်း စစ်ပွဲအပြီး နေရပ်စွန့်ခွာလာရတဲ့ ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီး ၁၉၅၃ ခုနှစ်မှာ စတင် ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။ စခန်းထဲမှာ ခိုလှုံနေသူ ဦးရေဟာ ၁၃၀၀၀ နဲ့ ၂၂၀၀၀ ကြားလောက်ထိ များပြားမယ်လို့လည်း ခန့်မှန်းရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။