Connect with us

Hi, what are you looking for?

သတင်း

ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲစစ်သား ၁၀ဦးခန့်သေ၊ သေနတ် ၄ လက်နှင့်ကျည်ဆံများချင်းပူး​ပေါင်းတပ်သိမ်းဆည်းရမိ

စစ်ကောင်စီတပ်နှင့်ချင်းကာကွယ်ရေးတပ်ဖွဲ့များကြားဇူလိုင် ၈ ရက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)

ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်ကြားတွင် ယမန့်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

စစ်ကောင်စီတပ်နှင့်ချင်းကာကွယ်ရေးတပ်ဖွဲ့များကြားဇူလိုင် ၈ ရက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက​ပြောသည်။

“လေကြောင်းတိုက်ခိုက်မှုကောလက်နက်ကြီးပစ်ကူကောပေးခဲ့တာ။ ဒီနေ့မနက်တော့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်”ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သီတာကျေးရွာတွင်တပ်စွဲထားသည် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)

ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ချင်းကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်​ကောင်စီတပ်မှ အ​လောင်း ၆ ​လောင်းကို​တွေ့ရှိခဲ့ရ​ကြောင်း​ပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်မှသေဆုံး၊ဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေး​သော်လည်း ကြည့်ရှုခွင့်ရ​သောပုံအရ စစ်သားရုပ်အ​လောင်းအချို့ ၊သေနက် ၄ လက် နှင့်ကျည်များကိုချင်းပူး​ပေါင်းတပ်ကသိမ်းဆည်းရရှိသည်ကို​တွေ့ရသည်။စစ်သားရုပ်အ​လောင်းအချို့ပုံကို People’s Spring တယ်လီဂရန်တွင် ကြည့်ရှုနိူင်ပါသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ၊The Chin Post)

တိုက်ပွဲအပြီးယ​နေ့ (ဇူလိုင် ၉ ရက်)တွင်နယ်မြေရှင်းလင်းရေးပြုလုပ်ရာစစ်သားရုပ်အ​လောင်းအချို့နှင့် စစ်ကောင်စီတပ်သားများ ကျန်ခဲ့သည့် သေနတ် ၄လက်၊ ကျည်ဆံများနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိသည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါစစ်​ကောင်စီ စစ်​ကြောင်းသည် ဇွန်လကတည်းကစ၍ ထန်တလန်ကို ထိုးစစ်င်လာရာ ချင်းပူး​ပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။