Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO အဖွဲ့ထဲ ဝင်နိုင်ဖို့ ယူကရိန်း အဆင်သင့် မဖြစ်သေးဘူးလို့ ဘိုင်ဒန်ပြော

ဘိုင်ဒန်ဟာ လတ်တလောမှာတော့ ဆွီဒင်ရဲ့ NATO အဖွဲ့ ဝင်ရောက်ခွင့် တောင်းဆိုမှုကို တားဆီး ပိတ်ပင်ထားတဲ့ တူရကီ အစိုးရကို ဖျောင့်ဖျပြီး ဆွီဒင်ကို လက်ခံပေးဖို့ ညှိနှိုင်းပေးနေဆဲ ဖြစ်ပါတယ်။

NATO အဖွဲ့ထဲ ဝင်နိုင်ဖို့ ယူကရိန်း အဆင်သင့် မဖြစ်သေးဘူးလို့ ဘိုင်ဒန်ပြော
NATO အဖွဲ့ထဲ ဝင်နိုင်ဖို့ ယူကရိန်း အဆင်သင့် မဖြစ်သေးဘူးလို့ ဘိုင်ဒန်ပြော

လက်ရှိ အခြေအနေမျိုးမှာ ယူကရိန်းဟာ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

လစ်သူယေးနီးယား နိုင်ငံမှာ အခုသီတင်းပတ် ပြုလုပ်မယ့် NATO ထိပ်သီး ညီလာခံဆီ အသွားမှာ ဘိုင်ဒန်က ယူကရိန်းဟာ လတ်တလော စစ်ဖြစ်နေသ၍ NATO အဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ အတည်ပြုသွားပါတယ်။ ရုရှားနဲ့ စစ်ပွဲကို အပြီးသတ်နိုင်ခြင်းကသာ ယူကရိန်းကို NATO အဖွဲ့ဝင် ဖြစ်လာစေမယ့် ပထမဆုံး လက်တွေ့ကျတဲ့ ခြေလှမ်းပဲလို့ ဘိုင်ဒန်က ဆိုပါတယ်။

လက်ရှိကာလ စစ်ဖြစ်နေချိန် အတောအတွင်းမှာတော့ ယူကရိန်းကို NATO မိသားစုထဲ ခေါ်ဆောင်ဖို့ မဖြစ်နိုင်သေးဘူးဆိုတာ အဖွဲ့ဝင် နိုင်ငံအားလုံး ခြွင်းချက်မရှိ သဘောတူ လက်ခံထားကြကြောင်း ဘိုင်ဒန်က ပြောပါတယ်။

NATOဟာ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအပေါ် အလေးထား စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ တကယ်လို့ စစ်ပွဲ ဆက်ဖြစ်နေလျက်နဲ့ ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် လက်ခံလိုက်မယ်ဆိုရင် NATO တစ်ဖွဲ့လုံး စစ်ပွဲထဲ ပါသွားပြီး ရုရှားနဲ့ စစ်ခင်းရမှာဖြစ်ကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူက အမေရိကန်ဟာ ယူကရိန်းရဲ့ NATO အဖွဲ့ဝင် ဖြစ်ခွင့်ကို အစဉ်တစိုက် အားပေး ထောက်ခံနေပေမယ့် လက်တွေ့ကျပြီး သင့်တော်တဲ့ လမ်းကြောင်းမျိုးကို ရွေးချယ်နိုင်ဖို့လည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ထောက်ပြ တိုက်တွန်းထားကြောင်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

ဇီလန်စကီးကတော့ မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ ယူကရိန်း အနေနဲ့ လောလောဆယ် NATO အဖွဲ့ရဲ့ ဖိတ်ကြားမှုကို မရနိုင်သေးဘူး ဆိုရင်တောင်မှ လုံခြုံရေး အာမခံချက် အစီအမံတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ရှိစေချင်တယ်လို့ ဖွင့်ဟထားပါတယ်။

နောက်တစ်ခုက ယူကရိန်းက NATO အဖွဲ့ဝင် ဖြစ်သွားတယ် ဆိုတာဟာ နိုင်ငံရေးအရ ထိရောက်တဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်တာဖြစ်ပြီး NATOဟာ ရုရှားကို လုံးဝ မကြောက်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေမှာဖြစ်ကြောင်း သူက ပြောပါတယ်။

ဘိုင်ဒန်ဟာ လတ်တလောမှာတော့ ဆွီဒင်ရဲ့ NATO အဖွဲ့ ဝင်ရောက်ခွင့် တောင်းဆိုမှုကို တားဆီး ပိတ်ပင်ထားတဲ့ တူရကီ အစိုးရကို ဖျောင့်ဖျပြီး ဆွီဒင်ကို လက်ခံပေးဖို့ ညှိနှိုင်းပေးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။