Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းတွင် တိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်အန္တရာယ်​ကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပိက္ခယားရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။ ထို့အပြင် စစ်အုပ်စုက ပိက္ခယားရွာရှိ ပြည်သူများ၏ နေအိမ်အားလုံးနီးပါးကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများ ခိုးယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(PDFအမှတ် ၁၁ တပ်ရင်း-မင်းကင်း၏ ရဲဘော်အချို့။ ဓာတ်ပုံ-အမှတ် ၁၁ တပ်ရင်း-မင်းကင်း)
(PDFအမှတ် ၁၁ တပ်ရင်း-မင်းကင်း၏ ရဲဘော်အချို့။ ဓာတ်ပုံ-အမှတ် ၁၁ တပ်ရင်း-မင်းကင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ပျူရွာတွင်တပ်စွဲ​နေ​သောစစ်တပ်အတွက် လက်နက်ခဲယမ်းလာပို့သည့် စစ်​ကောင်စီတပ်နှင့် မင်းကင်းPDFအမှတ် ၁၁ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုကရွာအတွင်းဝင်အကြမ်းဖက်၍​ဒေခံသံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၉ရက်) နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က မင်းကင်းမြို့နယ်၊ မအူပျူရွာမှ စစ်ကောင်စီတပ်နှင့်ပျူ​စောထီးအင်အား ၄၀ ကျော်ခန့်သည် အင်းရွာဘက်သို့ ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့သည်။

ပြည်သူများရှောင်တိမ်းချိန်ရရန် မင်းကင်းPDF အမှတ် ၁၁ တပ်ရင်း-က ခုခံပစ်ခတ်ရာမှ နာရီဝက်ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမှတ် ၁၁ တပ်ရင်း-မင်းကင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုအချိန်တွင် ကြာပင်ရဲစခန်းမှ စစ်​ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်က ပိက္ခယားရွာသို့ လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးလာခဲ့သဖြင့်PDF များက လက်နက်အင်အားမမျှ၍ နောက်ဆုတ်ပေးလိုက်ရကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်​ကောင်စီတပ်သည် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက မုံရွာ နမခမှ Mi – 17 ဖြင့် ကြာပင်ရဲစခန်းသို့ လာချသွားသည့် လက်နက်ခဲယမ်းများအား သယ်ယူလာခဲ့သည်။

ထိုလက်နက်ခဲယမ်းပုံးများကို ပိက္ခယားရွာဘုန်းကြီးကျောင်းထဲတွင် မအူပျူရွာမှ လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

ထိုစစ်ကောင်စီတပ်ကြောင့် ပိက္ခယားရွာနှင့် အင်းရွာမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

“စစ်ကောင်စီတပ်က အထိခိုက်ကတော့ရှိမယ်။သတင်းအတိအကျမရသေးဘူး။ လက်ရှိမှာတော့ ရာသီဥတုဆိုးရွားနေပြီး စစ်ရှောင်ပြည်သူတွေအခက်ခဲရှိနေပါတယ်။”ဟု အမှတ် ၁၁ တပ်ရင်း-မင်းကင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပိက္ခယားရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။ ထို့အပြင် စစ်အုပ်စုက ပိက္ခယားရွာရှိ ပြည်သူများ၏ နေအိမ်အားလုံးနီးပါးကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများ ခိုးယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အလားတူ အင်းရွာတွင်လည်း စစ်အုပ်စုက ဖုန်း ၅လုံး၊ ရွှေဆွဲ ကြိုး ၁ ကုံး ၊ လက်စွပ် ၁ကွင်း ၊ နားကပ် ၁စုံ ၊ ပိုက်ဆံ ၁သိန်း ခိုးယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ဆိုင်ကယ် ၁စီး ၊ ဆိုလာ ၁ ချပ် ၊ ရေစက် ၁လုံး ဖျက်ဆီးခံရပြီး နွား ၁ကောင် ၊ကျွဲ ၁ကောင်၊ ဝက် ၁ကောင်လည်း ပစ်သတ်ထားခဲ့ကြောင်းဒေသခံများကပြောသည်။

ပြည်သူများ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြပါရန်နှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် အမှတ် ၁၁ တပ်ရင်း မင်းကင်းက သတိပေးထားပြီး ရဲဘော်များအရေးပေါ်ကျည်လိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook