Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး ယနေ့တိုက်ပွဲဆက်ဖြစ်

စစ်ကောင်စီ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သား ပြည်သူတစ်ဦးစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)

▪︎စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၁ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့ အနီးတွင် ယနေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်းကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်း တစ်ခုဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မြ၀တီမြို့ အနီးတဝိုက်တွင် ဇူလိုင် ၅ရက်မှစ၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ယနေ့ ဇူလိုင် ၁၀ရက် မွန်းလွဲပိုင်းတွင် မြ၀တီမြို့ လက်ခတ်တောင် အနီး၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု အား စိစစ်ဆဲဖြစ်ပြီး ကော်ဘရာ စစ်ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

စစ်ကောင်စီ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သား ပြည်သူတစ်ဦးစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မြ၀တီမြို့ အနီးတိုက်ပွဲများကြောင့် ဇူလိုင် ၅ရက်မှ ၁၀ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးပြီး အရာရှိ အပါအဝင် ၈ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်းကော်ဘရာ စစ်ကြောင်း၏ စစ်​ရေးသတင်းထုတ်ပြန်မှုများအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

Facebook