Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ စစ်ရှောင်တစ်ဦး သေဆုံး

ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းက ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းသို့ ရောက်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းက အင်းပတ်ကျေးရွာအတွင်းသို့ (၆၀)မမ နှစ်လုံး ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးနေရသော ပြည်သူအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးနေရသော ပြည်သူအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ရှောင်များနေထိုင်သည့် ကျေးရွာစာသင်ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းက ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းသို့ ရောက်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းက အင်းပတ်ကျေးရွာအတွင်းသို့ (၆၀)မမ နှစ်လုံး ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် စစ်ရှောင်များရှိရာ ကျေးရွာ စာသင်ကျောင်းအတွင်း ကျရောက်ခဲ့ပြီး အသက်(၅၀)အရွယ် ဦးသန်းစိုးဆိုသူ လက်နက်ကြီးမှန်၍ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ရှောင်တွေက ရွာကိုမပြန်သေးဘဲ စာသင်ကျောင်းမှာနေနေတာ။ အဲဒါကိုအင်းပတ်ကွေ့ကနေပစ်တာ။ အဲဒီမှာပြည်သူတွေထိတာပါ။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အသက်(၃၀)ကျော် စစ်ရှောင်အမျိုးသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး နွား စုံးကောင်ပါ လက်နက်ကြီးထိ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အင်းပတ်ကျေးရွာသည် စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့ပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ ၁၅ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရွှေဘိုနယ်နှင့် အင်းပတ်ကွေ့မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ