Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမဖြတ်လမ်း မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းတွင် PDF ပူးပေါင်းအဖွဲ့ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်

အဆိုပါလမ်းပိုင်းသည် ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမှတဆင့် ပဲခူးရိုးမသို့ဖြတ်ကာ ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် နေပြည်တော်အမြန်လမ်းမကြီးအထိ သွားရောက်နိုင်သော လမ်းပိုင်းတစ်ခုဖြစ်သည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးရိုးမဖြတ်ကျော်လမ်းပိုင်းများမှ တစ်ခုအပါအဝင်ဖြစ်သည့် မြို့ချောင်း – စိန်ကန့်လန့်လမ်းပိုင်းတွင် သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းက လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကြောင်း ယနေ့(ဇူလိုင် ၁၆) အသိပေးထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းသည် ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမှတဆင့် ပဲခူးရိုးမသို့ဖြတ်ကာ ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် နေပြည်တော်အမြန်လမ်းမကြီးအထိ သွားရောက်နိုင်သော လမ်းပိုင်းတစ်ခုဖြစ်သည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပေးပို့)

“ဒီလမ်းပိုင်းက စစ်ရေးအရ အရေးပါတယ်။ ဒီလမ်းကနေ အမြန်လမ်းကို တက်လို့ရတယ်။ နေပြည်တော်အထိ တက်လို့ရတယ်။ စစ်ကောင်စီအတွက်လည်း ဝင်ငွေရတဲ့နေရာပေါ့။ ပြည်သူကတော့ ထိခိုက်မှုနည်းပါတယ်။ လိုအပ်သလို ရှောင်တခင် စစ်ဆေးတာကို အဓိက လုပ်ဆောင်မှာပါ”ဟု တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ (၅)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါ မြို့ချောင်း – စိန်ကန့်လန့်လမ်းပိုင်းပါဝင်သည့် ပဲခူးရိုးမတကြောကို PDF တပ်ဖွဲ့များက စစ်ရေးနယ်မြေအဖြစ် မသတ်မှတ်မီ ပြီးခဲ့သည့် နှစ်လခန့်အထိ စစ်ကောင်စီက ရိုးမပေါ်မှ သစ်များခိုးထုတ်ခဲ့သည်မှာ အနည်းဆုံးသစ်တန်ချိန် (၁၀၀)ထက်မနည်းရှိခဲ့ပြီး ယခုနောက်ပိုင်းမှသာ သစ်ခိုးထုတ်မှုအရှိန်တန့်သွားကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီသည် ပဲခူးရိုးမကိုအားကိုးပြု၍ သစ်များခိုးထုတ်ကာ ဝင်ငွေရှာဖွေနေခြင်းကို ရပ်တန့်ရန်နှင့် စစ်ရေးဖော်ဆောင်မှုအတွက် အရေးပါသည့်လမ်းပိုင်းတစ်ခုဖြစ်သောကြောင့် အထက်ပါ လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေခြင်းကို ပြည်သူသို့ အသိပေးခြင်းဖြစ်ကြောင်း တပ်ခွဲ(၅)မှ တာဝန်ရှိသူက ဆက်ပြောသည်။

အထက်ပါ မြို့ချောင်း – စိန်ကန့်လန့်လမ်း၌ လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်စဥ် ခရီးသွားယာဥ်အချို့နှင့် ပြည်သူများအားတွေ့ရှိသည်တွင် ပြည်သူများက စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံကြပြီး ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)ထံမှ သိရသည်။

(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပေးပို့)
(သာသယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၏ တပ်ခွဲများမှ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ – ပေးပို့)

နောက်နောင်တွင်လည်း အဆိုပါ ရိုးမဖြတ်ကျော်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကို လိုအပ်သလိုလုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။