Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကိုPDF တိုက်ခိုက်

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ နွားသိုးတဲတိုက်အနီးသို့ မေ ၂၈ ရက်နေ့လယ် ၂ နာရီခန့်တွင် ရောက်ရှိလာသော အင်အား (၄၁)ဦးပါ စစ်ကောင်စီတပ်ကို တပ်ရင်း ၃၆၀၁ မှရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ဓါတ်ပုံ-PPDF)
(ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ဓါတ်ပုံ-PPDF)

ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ နွားသိုးတဲတိုက်အနီးသို့ မေ ၂၈ ရက်နေ့လယ် ၂ နာရီခန့်တွင် ရောက်ရှိလာသော အင်အား (၄၁)ဦးပါ စစ်ကောင်စီတပ်ကို တပ်ရင်း ၃၆၀၁ မှရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကြောင်းက သစ်ပုတ်ကနေပြီး နွားသိုးဘက်ကို နယ်မြေရှင်းလင်းရေးထင်တယ်။ ကျနော်တို့က ချောင်းပစ်တာဗျ ဗိုလ်ကိုရွေးပြီး။ လဲကျသွားတာမြင်ရတယ်။ နောက်တော့ ပုခက်နဲ့ ထမ်းသွားတာပါမြင်ရတယ်ဗျ”ဟု တပ်ရင်း ၃၆၀၁ PPDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးစစ်ဗိုလ်အလောင်းအား စစ်ကောင်စီတပ်က ယမန်နေ့(မေ ၂၉)နေ့လယ်ပိုင်းတွင် တပ်မ ၆၆ သို့ပြန်လည်သယ် ဆောင်သွားကြောင်းအထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် တိုက်ခိုက်ခံခဲ့ရသော သစ်ပုတ်အုပ်စု၊ နွားသိုးတဲတိုက်အနီး ဆက်ရှိနေပြီး ပဲခူးရိုးမပေါ်သို့ ဆက်လက်စစ်ကြောင်းထိုးနိုင်ခြေရှိကြောင်း PPDF က ခန့်မှန်းထားသည်။

မေ ၁၃ ရက်ကလည်း ပေါင်းတည်နယ် ဘန့်ဘွေးကန်ရွာအရှေ့ဘက် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်းများဖြစ်သော တပ်ရင်း ၃၆၀၁ နှင့် ၃၆၀၂ တို့ပူးပေါင်း၍ တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook