Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ် ကျောက်ရစ်ရွာရှိ စစ်အုပ်စုစခန်း အမျိုးသမီးဒရုန်းအဖွဲ့နှင့် မဟာမိတ်များ တိုက်ခိုက်

မြောင်မြို့နယ်တွင် တိုက်ပွဲအရှိန် မြှင့်တင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် တက်နိုင်သမျှအဝေးဆုံး၌နေရန် ဒေသတွင်းပြည်သူ့ရဲဘော်များက မေတ္တာရပ်ခံထားသည်။

(ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအား ပစ်ခတ်ရန်ချိန်ရွယ်နေသော အမျိုးသမီးရဲဘော်အား တွေ့ရစဥ်)
(ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအား ပစ်ခတ်ရန်ချိန်ရွယ်နေသော အမျိုးသမီးရဲဘော်အား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအား အမျိုးသမီးဒရုန်းအဖွဲ့နှင့် မဟာမိတ်များက သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် T.G.R People Defense Force က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက် နံနက်၁၁နာရီခွဲခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်ရွာရှိ စစ်ကောင်စီစခန်းအား ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း T.G.R PDF အဖွဲ့တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကို T.G.R People Defense Force၊ T.G.R Women Drone Forceနှင့် မဟာမိတ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်ပြီးနောက် ကင်းပုန်းဝပ်နေသော စစ်သားများနှင့် မဟာမိတ်အဖွဲ့များအပြန်အလှန် ပစ်ခတ်မူဖြစ်ပွားခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ​ဆုတ်ခွာခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

“စခန်းအနီး ကပ်ပစ်ခဲ့တာပါ။ ဒရုန်းတွေ အဆင်မပြေလာတော့ ဒရုန်းတပ်ဖွဲ့အနေနဲ့က ဒီလိုမျိူးအဝေးပစ် လက်နတ်တွေပစ်ခတ်ရတာပါ။ ရရာလက်နတ်နဲ့တိုက်ခိုက်ရတာပါ။ ရဲဘော်တွေ ပြည်သူတွေကို သွေးမအေးဘူးဆိုတဲ့ကြောင်းလည်း ချပြတာပါ။”ဟု TGR PDFအဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို T.G.R People Defense Force၊ T.G.R Women Drone Force၊ကျောက်ဆည်ခရိုင်တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၆) တပ်ခွဲ(၃)၊ အညာမြေ(ကျောက်ပန်းတောင်း)၊ မြောင်မြို့နယ်(ပကဖ)အင်အားစုနှင့် နယ်မြေခံအဖွဲ့အစည်း မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မြောင်မြို့နယ်တွင် တိုက်ပွဲအရှိန် မြှင့်တင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် တက်နိုင်သမျှအဝေးဆုံး၌နေရန် ဒေသတွင်းပြည်သူ့ရဲဘော်များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။