Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းတိုက်ပွဲတွင် PDF တစ်ဦးကျဆုံး

မယ်စဲ့မြို့နယ်ရှိစစ်​ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်း လိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့ နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက် ဇွန်လ တတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(ဖားဆောင် PDF မှ ရဲဘော် စောနိုဗယ်(ခေါ်)အာနိုး ၏စျာပန။ ဖား​ဆောင်း PDF)
(ဖားဆောင် PDF မှ ရဲဘော် စောနိုဗယ်(ခေါ်)အာနိုး ၏စျာပန။ ဖား​ဆောင်း PDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဖားဆောင်း PDF က ယနေ့ထုတ်ပြန်သည်။

မြေပြင်စစ်ကြောင်းသုံးခု အပါအဝင် လက်နက်ကြီး နှင့် လေကြောင်း ပစ်ကူ အဆမတန်အသုံးပြု၍ ဇူလိုင် ၂၁ ရက်နေ့ကစ၍ ထိုးစစ် ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုကခိုက်စဥ် ကျဆုံးခဲ့ရခြင်း ဟု သိရသည်။

“တပ်ရင်းသုံးခုလောက်ပါမယ်။အင်အား၃၀၀ ကျော်လောက်ရှိတယ်။မြေပြင်အင်အားအပြင်လေယာဥ်နဲ့ပဲကို ငါးခါလာ လာကျဲ တယ်။ကျသွားတဲ့ရဲဘော်ကလက်နက်ကြီးထိသွားတာပါ”ဟု ဖားဆောင်း PDF တာဝန်ရှိသူကပြောသည်။

လက်ရှိစစ်ရေးအရ ဖားဆောင်းမြို့နယ်သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ ဝမ်အောင်း နှင့် ကျောင်ပန်းညို ကျေးရွာမှ ကရင်နီတပ်ပေါင်းစုက ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီက တပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင်လ ၂၂ ရက်က ကျောက်ပန်းညိုကျေးရွာတိုက်ပွဲအတွင်း ဖားဆောင်း PDF မှအသက် ၂၂ နှစ်အရွယ် ရဲဘော် စောနိုဗယ် (ခေါ်) အာနိုး ကျဆုံးခဲ့သည်။

ဝမ်အောင်း နှင့် ကျောက်ပန်းညို ကျေးရွာအတွင်းရှိ နေအိမ်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးနေကြောင်း လည်း ဖားဆောင်း PDF က အသိပေးသည်။

မယ်စဲ့မြို့နယ်ရှိစစ်​ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်း လိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့ နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက် ဇွန်လ တတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

လက်ရှိဖားဆောင်းမြို့ တိုက်ပွဲအတွင်းဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ( ကလလတ) ၊ KNDF တပ်ရင်း (၂၀) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။