Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖား​ဆောင်းတိုက်ပွဲတွင် PDF တစ်ဦးကျဆုံး

မယ်စဲ့မြို့နယ်ရှိစစ်​ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်း လိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့ နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက် ဇွန်လ တတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(ဖားဆောင် PDF မှ ရဲဘော် စောနိုဗယ်(ခေါ်)အာနိုး ၏စျာပန။ ဖား​ဆောင်း PDF)
(ဖားဆောင် PDF မှ ရဲဘော် စောနိုဗယ်(ခေါ်)အာနိုး ၏စျာပန။ ဖား​ဆောင်း PDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဖားဆောင်း PDF က ယနေ့ထုတ်ပြန်သည်။

မြေပြင်စစ်ကြောင်းသုံးခု အပါအဝင် လက်နက်ကြီး နှင့် လေကြောင်း ပစ်ကူ အဆမတန်အသုံးပြု၍ ဇူလိုင် ၂၁ ရက်နေ့ကစ၍ ထိုးစစ် ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုကခိုက်စဥ် ကျဆုံးခဲ့ရခြင်း ဟု သိရသည်။

“တပ်ရင်းသုံးခုလောက်ပါမယ်။အင်အား၃၀၀ ကျော်လောက်ရှိတယ်။မြေပြင်အင်အားအပြင်လေယာဥ်နဲ့ပဲကို ငါးခါလာ လာကျဲ တယ်။ကျသွားတဲ့ရဲဘော်ကလက်နက်ကြီးထိသွားတာပါ”ဟု ဖားဆောင်း PDF တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ရေးအရ ဖားဆောင်းမြို့နယ်သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ ဝမ်အောင်း နှင့် ကျောင်ပန်းညို ကျေးရွာမှ ကရင်နီတပ်ပေါင်းစုက ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီက တပ်စွဲထားသည်။

Public Service Announcement
Public Service Announcement

ဇူလိုင်လ ၂၂ ရက်က ကျောက်ပန်းညိုကျေးရွာတိုက်ပွဲအတွင်း ဖားဆောင်း PDF မှအသက် ၂၂ နှစ်အရွယ် ရဲဘော် စောနိုဗယ် (ခေါ်) အာနိုး ကျဆုံးခဲ့သည်။

ဝမ်အောင်း နှင့် ကျောက်ပန်းညို ကျေးရွာအတွင်းရှိ နေအိမ်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးနေကြောင်း လည်း ဖားဆောင်း PDF က အသိပေးသည်။

မယ်စဲ့မြို့နယ်ရှိစစ်​ကောင်စီစခန်းများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်း လိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့ နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက် ဇွန်လ တတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

လက်ရှိဖားဆောင်းမြို့ တိုက်ပွဲအတွင်းဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ( ကလလတ) ၊ KNDF တပ်ရင်း (၂၀) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့ ခုခံတိုက်ခိုက်လျက်ရှိသည်။