Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ပေါ်တွင် စစ်ဆေးရေးလုပ်နေသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဟုဆို

ယမန့်နေ့(ဩဂုတ် ၃ရက်)နံနက် ၉နာရီခန့်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

(ကလေးမြို့၌ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်ဆန္ဒပြပွဲဖြိုခွင်းရန် ပြင်ဆင်နေသည့် စစ်သားများအား ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကလေးမြို့၌ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်ဆန္ဒပြပွဲဖြိုခွင်းရန် ပြင်ဆင်နေသည့် စစ်သားများအား ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အထက(၂)ကျောင်းရှေ့၌ စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ယမန့်နေ့(ဩဂုတ် ၃ရက်)နံနက် ၉နာရီခန့်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မိုင်းကွဲပြီးတော့ သူတို့ထဲက တစ်ယောက်က သေတယ်။ သုံးယောက်က လှုပ်တောင်မလှုပ်နိုင်လို့ အနားကအမှိုက်ကားပေါ်ဆွဲတင်သွားတာတွေ့ လိုက်ရတယ်”ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများအား ကလေးမြို့ပေါ်ရှိ ကုတင်(၁၀၀)စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ကလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်သားများသေဆုံးမှုကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သားများက အထက (၂)ကျောင်းရှေ့ရှိ ဂေါက်ကွင်းလမ်း၌ အင်အား ၁၅ဦးခန့်ဖြင့် စစ်ဆေးရေးလုပ်နေစဉ် ကလေးမြို့ပြစစ်ဆင်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။