Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်အနောက်ခြမ်း၌စစ်ကောင်စီတပ်နှင့်ပျူများကို​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

သြဂုတ်လ ၇ ရက်နေ့ နံနက် ၈နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုအနောက်ခြမ်း ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ၆၀မမဗုံးသီးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

(ဇီးဖြူကုန်းရွာရှိ ပျူ​နှင့်စစ်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)
(ဇီးဖြူကုန်းရွာရှိ ပျူ​နှင့်စစ်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့်ပျူများအား နှစ်ကြိမ် တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ်လ ၇ ရက်နေ့ နံနက် ၈နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုအနောက်ခြမ်း ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ၆၀မမဗုံးသီးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးသီးကြောင့် စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားပြီး ညနေ ၅နာရီ ၂၀မိနစ်ခန့်တွင် သေဆုံးသွားကြောင်းဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင်ကူးတို့ဆိပ်နှင့် တည်သီးတောရွာမှ အင်အား၄၀ ခန့်ပါ ပျူများ ထွက်လာစဉ် မင်းဘေးရွာနှင့် ဂျိုးမြေဇင်းကြား​တွင် ပဒေသာဆွဲမိုင်းဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဆွဲမိုင်းကြောင့် ပျူ‌ ၁ဦးပွဲချင်းပြီး သေဆုံးပြီး ပျူ ၆ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း၊ ထိုနေ့ ည ၇နာရီခန့်တွင် ဒဏ်ရာရသူများအနက် ပျူ ၃ဦးထပ်မံ သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

“လက်ရှိရွှေဘိုနယ်ကပျူရွာတွေ‌အခြေနေကတော့ ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ်ညီကိုတွေက ပျူရွာတွေကို ရွာထဲထိဝင်ပစ်လိုက် သူတို့အသွားအလာလမ်းတွေမှာ ဆီးကြိုဆော်လိုက်နဲ့ သူတို့ကျီးလန့်စာစားပုံစံမျိုးဖြစ်နေကြတယ်။လက်နတ်ကိုင်ထားတဲ့သူ တော်တော်များများတောင် ပျူရွာတွေမှာမနေရဲကြတော့ဘဲ မြို့တွေဝေးရာ ရှောင်ပြီး ထွက်ပြေးကုန်ကြပြီ။”ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF အဖွဲ့ ၊ Lightning Done Force – We are Everywhere Drone တပ်ဖွဲ့၊ ဒီပဲယင်း လက်ဝါးအဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ တောင်သူကြီးများအဖွဲ့-LDF၊သပြေညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေဘိုအနောက်ခြမ်း ပျူရွာများမှ ပျူများလစာထုတ်ရန်အသွား မြို့လှ၊ ဂျိုးမြေဇင်း လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်ထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။