Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီနှင့် SNA ပစ်ခတ်၍ ပြည်သူခုနစ်ဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာစျေးတန်းအတွင်းသို့ သံယောဇဉ်ကုန်းပေါ်၌ တပ်စွဲနေသည့် SNAက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံရွာသူ ရွာသား ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ အသိပေး ဖော်ပြသည်။

(စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Hein Min/FB)
(စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Hein Min/FB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ရှမ်းနီaတပ်(SNA) ပူးပေါင်းစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားပြည်သူ ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်းဒေသခံက ပြောသည်။

ဩဂုတ် ၁၈ရက် နံနက် ၁၁နာရီခန့်တွင် ဖားကန့်မြို့နယ် နန့်ပုတ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“SNAနဲ့ စစ်ကောင်စီပူးပေါင်းစခန်းဘက်ကနေအပြစ်မဲ့တဲ့ ပြည်သူတွေနေတဲ့ နမ့်ပုတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့သုံးလုံးလှမ်းပစ်တယ်။ ပြည်သူတွေအပေါ်။ ထိခိုက်ဒဏ်ရာက ခုနစ်ယောက်ရှိတယ်။ ပူးပေါင်းစခန်းသံယောဇဉ်ကုန်းဘက်ကနေ နမ့်ပုတ်ကျေးရွာဘက်ကို လှမ်းပစ်တာပေါ့”ဟုဒေသခံက ပြောသည်။

ဒဏ်ရာရသူများမှာ အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦးတို့ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရှိတဲ့ရွာကို လှမ်းပစ်တာ။ အဲဒီမှာ KIAလည်းမရှိဘူး။ PDF လည်းမရှိဘူး။ စခန်းချထားတာလည်းမရှိဘူးနော်။အခုလိုလုပ်တာက သူတို့က အပြစ်မဲ့တဲ့ ပြည်သူကို သေစေချင်လို့ အဲဒီလိုလုပ်နေတာလေ။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူကို အချိန်မရွေးပစ်ချင်တဲ့အချိန်ကိုပစ်ပြီး သူတို့ လုပ်ချင်သလိုလုပ်နေတာ။ယုတ်မာ ရိုင်းစိုင်းပြီးရက်စက်နေတာ”ဟု ဒေသခံက ပြောသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာစျေးတန်းအတွင်းသို့ သံယောဇဉ်ကုန်းပေါ်၌ တပ်စွဲနေသည့် SNAက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံရွာသူ ရွာသား ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ အသိပေး ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook