Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီနှင့် SNA ပစ်ခတ်၍ ပြည်သူခုနစ်ဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာစျေးတန်းအတွင်းသို့ သံယောဇဉ်ကုန်းပေါ်၌ တပ်စွဲနေသည့် SNAက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံရွာသူ ရွာသား ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ အသိပေး ဖော်ပြသည်။

(စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Hein Min/FB)
(စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Hein Min/FB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် ရှမ်းနီaတပ်(SNA) ပူးပေါင်းစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားပြည်သူ ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်းဒေသခံက ပြောသည်။

ဩဂုတ် ၁၈ရက် နံနက် ၁၁နာရီခန့်တွင် ဖားကန့်မြို့နယ် နန့်ပုတ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“SNAနဲ့ စစ်ကောင်စီပူးပေါင်းစခန်းဘက်ကနေအပြစ်မဲ့တဲ့ ပြည်သူတွေနေတဲ့ နမ့်ပုတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့သုံးလုံးလှမ်းပစ်တယ်။ ပြည်သူတွေအပေါ်။ ထိခိုက်ဒဏ်ရာက ခုနစ်ယောက်ရှိတယ်။ ပူးပေါင်းစခန်းသံယောဇဉ်ကုန်းဘက်ကနေ နမ့်ပုတ်ကျေးရွာဘက်ကို လှမ်းပစ်တာပေါ့”ဟုဒေသခံက ပြောသည်။

ဒဏ်ရာရသူများမှာ အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦးတို့ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရှိတဲ့ရွာကို လှမ်းပစ်တာ။ အဲဒီမှာ KIAလည်းမရှိဘူး။ PDF လည်းမရှိဘူး။ စခန်းချထားတာလည်းမရှိဘူးနော်။အခုလိုလုပ်တာက သူတို့က အပြစ်မဲ့တဲ့ ပြည်သူကို သေစေချင်လို့ အဲဒီလိုလုပ်နေတာလေ။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူကို အချိန်မရွေးပစ်ချင်တဲ့အချိန်ကိုပစ်ပြီး သူတို့ လုပ်ချင်သလိုလုပ်နေတာ။ယုတ်မာ ရိုင်းစိုင်းပြီးရက်စက်နေတာ”ဟု ဒေသခံက ပြောသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပုတ်ရွာစျေးတန်းအတွင်းသို့ သံယောဇဉ်ကုန်းပေါ်၌ တပ်စွဲနေသည့် SNAက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံရွာသူ ရွာသား ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ အသိပေး ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။