Connect with us

Hi, what are you looking for?

သတင်း

KNLA ပူးပေါင်းတပ် သိမ်ဇရပ်မြို့နယ်အတွင်း စစ်ဆေးရေးပြုလုပ်

သိမ်ဇရပ်မြို့အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့နှင့် ကျိုက်ထို(ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း KRF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(KNLA ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆေးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - KRF)
(KNLA ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆေးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - KRF)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၈ရက်)နံနက် ၇ နာရီခန့်ကစ၍ နံနက် ၁၁နာရီခန့်အထိ သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီ တိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့တွင် စစ်ဆေးရေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“စစ်ဆေးမှုကို ပြည်သူတွေ တကယ်စိတ်ရင်းနဲ့ ပူးပေါင်း ပါဝင်ခဲ့တယ်။ပြီးတော့ ပြည်သူတွေပေးတဲ့ အစားအသောက်တွေက စခန်းကို ပြန်မသယ်နိုင်အောင်များ ပြားလွန်ခဲ့တယ်။စစ်ဆေးမှုအတွင်းမှာတော့ ထူးထူးခြားခြား မရှိခဲ့ပါဘူး”ဟု KRF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အတူ ပြည်သူများ၏ဝမ်းပန်းတသာ နွေးထွေးစွာဖြင့်ကြိုဆိုသောအပြုံးများအား မြင်တွေ့ရသောကြောင့် အလွန်ပင်ကျေနပ်ပျော်ရွှင်ရကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သိမ်ဇရပ်မြို့အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့နှင့် ကျိုက်ထို(ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း KRF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး